Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်ကြီးသယ်ယူစဉ် ပစ်ခတ်ခံရ၍ KAနှင့် KNDFရဲဘော် ၁၀ဦးကျဆုံးခဲ့

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။

(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)
(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)

▪︎ရဲဘော်များ၏ဈာပန အာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပ

ကရင်နီပြည်နယ်မြန်မာ- ထိုင်းနယ်စပ်မှတ်တိုင် BP-12 အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီး တပ်စု အခြေပြု တပ်စခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ်စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးသကဲ့သို့ KAနှင့် KNDF ရဲဘော် ၁၀ဦးကျဆုံးကာ၊ ဒဏ်ရာရသူများရှိခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်ကပြောသည်။

ဖေဖော်ဝါရီ ၂၇ရက်နံနက်ကနယ်စပ်ရှိကောက်ကောက်စခန်း အနီးစစ်ကောင်စီအခြေပြုထားသည့် စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၀လောင်းတွေ့ရှိခဲ့ပြီး ၁၂၀ မမအပါအဝင်လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ရရှိခဲ့ကြောင်းထုတ်ပြန်သည်။ယင်းတိုက်ပွဲ၌ KA ရဲဘော် ၈ဦး ကျဆုံးပြီး KNDF ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ကြောင်းလည်းခူညေးရယ်က ယနေ့အတည်ပြုသည်။ ကရင်နီပူးပေါင်းတပ်က ဒဏ်ရာရသူ ၁၅ဦးခန့်ရှိခဲ့သည်ဟုဆိုသည်။

(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)
(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)

“ဒီလိုမျိုးဗျ။ သူတို့လက်နက်ကြီးရတယ်မဟုတ်လား ၁၂၀(၁၂၀မမ)။ အဲဒါ ဝိုင်းဆွဲကြတာ။ တစ်ယောက် နှစ်ယောက်နဲ့ မနိုင်ဘူး။ လက်နက်ကြီးကလည်း ၂လက် ဆိုတော့ ဝိုင်းဆွဲတဲ့အချိန်မှာ ဟိုက လက်နက်ကြီးနဲ့ လှမ်းထုတာ တည့်တည့်ကျသွားတယ်ပြောတယ်။ နောက်ပြီး ဒဏ်ရာရတော့ လေယာဉ်လာတဲ့အချိန်မှာ လေယာဉ်ကနေ ပစ်တဲ့ဟာမှန်သွားတာမျိုးပေါ့” ဟုခူညေးရယ်ကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

၁၂၀ မမ လက်နက်ကြီး ၂ လက်အနက် ၁လက်ကို သာ ရယူနိုင်ခဲ့ပြီး ကျန်တစ်လက်ကို စခန်းအပြင်ဘက်တွင်ထားခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် တိုက်ခိုက်သိမ်းပိုက်ခဲသည့် စခန်းကုန်းအနီးမှ နောက်ထပ်စခန်းကုန်းတစ်ခုမှ ပစ်ကူပေးသကဲ့သို့ လေကြောင်းမှလည်း လေယာဉ် ၅စီး အသုံးပြု ပစ်ကူပေးခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)
(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)

“ဒါကရှင်းရှင်းပြောရမယ်ဆိုရင်တလျှောက်လုံးမှာဒီဟာက အကျအဆုံး အများဆုံး ထိခိုက်ဒဏ်ရာ အများဆုံးအဲဒီလို ပြောချင်ပါတယ်။လေယာဉ်တွေကလည်း ၅စီးလာပစ်တယ်လေ။ အကြီးကျယ်ဆုံးပေါ့ လေယာဉ်နဲ့ တိုက်ခိုက်ခံရတာကလည်း” ဟုခူညေးရယ်ကပြောသည်။

(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)
(ကျဆုံးရဲ​ဘော်များ၏ဈာပနကိုအာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။ဓါတ်ပုံ-CJ)

ကျဆုံးရဲဘော်များအားမတ်လ ၆ရက်တွင်အာဇာနည်ဗိမ္ဗာန်၌ ဈာပနဂုဏ်ပြု အခမ်းအနား ပြုလုပ်ခဲ့သည်ဟုကရင်နီရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။