Connect with us

Hi, what are you looking for?

သတင်း

တာတိုင်ရွာတွင်ပြည်သူများကိုအစုလိုက်အပြုံလိုက်သတ်​ခဲ့​သောစစ်​ကြောင်းကို​မြောင်တွင်PDFများကတိုက်ခိုက်

“သူတို့က အင်အား ၁၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ဘက်ကပြန်ပစ်တာတော့မရှိဘူး။ တော်တော်အထိနာသွားလောက်မယ်။ ဒီကောင်တွေကအခုမြစ်သာမှာပါ။”ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဒရုန်းတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ရန်ပြင်ဆင်​နေ​သောMSPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MSPDF)
(ဒရုန်းတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ရန်ပြင်ဆင်​နေ​သောMSPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MSPDF)

စစ်ကိုင်းတိုင်း၊ ​မြင်းမူမြို့နယ်၊ တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်အား မြောင်နယ်တွင်PDFများက အီနာဂါဗုံးသီး(၄)လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၆ရက်)မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က မြောင်မြို့နယ်၊ ပေါက်ချောင်းရွာ သရက်ခြံထဲသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းအား ညီနောင်မဟာမိတ်အဖွဲ့များက အီနာဂါဗုံးသီး(၄)လုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိ​ခိုက်သေဆုံးမှုများပြားကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က အင်အား ၁၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့ဘက်ကပြန်ပစ်တာတော့မရှိဘူး။ တော်တော်အထိနာသွားလောက်မယ်။ ဒီကောင်တွေကအခုမြစ်သာမှာပါ။”ဟု MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီတပ်သည် တပ်မ၉၉ လက်အောက်ခံများဖြစ်ပြီး မြင်းမူနယ်၊ တာတိုင်ရွာတွင် မတ်လ ၁ ရက်နှင့် ၂ ရက်က ပြည်သူ ၁၆ ဦးနှင့် ​ကျေးရွာ ပကဖ ​ခေါင်း​ဆောင်တစ်ဦးတို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့​သော”ဘီလူးစစ်​ကြောင်း”ဟု အမည်​ပေးထား​သော စစ်​ကြောင်းဖြစ်​ကြောင်း​ဒေသခံPDF များက​ပြောသည်။အဆိုပါစစ်​ကြောင်းသည် မြင်းမူနယ် မှတစ်ဆင့် မြောင်နယ်အတွင်းသို့ဆက်လက်စစ်ကြောင်းထိုးလာပြီးပြည်သူ ၆ ဦးကိုထပ်မံသတ်ဖြတ် အကြမ်းဖက်​နေ​သောပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းMSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံနှင့်ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်​ကြောင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့​သောစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDF၊ CDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ MinGin Guerilla Force (MGF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ​မြောင်မြို့နယ်တွင် စစ်တပ်ကစစ်​ကြောင်း ၃ ​ကြောင်းထိုး၍ အကြမ်းဖက်​နေသည်။မတ်လ၁၃ ရက်နေ့က မြောင်နယ်ရှိ MSPDF စန်းတစ်ခုစီးနင်းခံရပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခံခဲ့ရကာ ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် ဆုံးရှုံးခဲ့သည်။

မတ်လ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြောင်နယ်တွင် စစ်တပ်စစ်ကြောင်းတစ်​ကြောင်းကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး​နောက် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitngeနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့၏ ရွေ့လျားစခန်း စီးနင်းခံခဲ့ရကာရဲဘော် ၄ဦး

ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်းငွေကျပ်တန်ဖိုးကျပ်သိန်း၁၀၀၀ကျော်ဖိုးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ