မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ သူဌေးကုန်းကျေးရွာသို့ လာရောက်သော စစ်ကောင်စီတပ်အား ဒေသတွင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ အထိအခိုက်များ၍ ညတွင်းချင်းဆုတ်ခွာသွားကြောင်း Unicorn Guerrilla Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မတ်လ ၁၄ ရက် နံနက် ၇နာရီခန့်က မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ အင်အား ၅၀ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Unicorn Guerrilla Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်အား မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိခဲ့ကြောင်း၊ ထို့နောက် စစ်အုပ်စုမှာ ညတွင်းချင်းဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်သား နှစ်ဦး လဲကျသေဆုံးနေသည်ကို ဒရုန်းဖြင့်မြင်ခဲ့ရသည်ဟု Unicorn Guerrilla Force၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

” အပြန်အလှန် အပြင်းအထန်ထိတွေ့တာက ၁၅ မိနစ်လောက်ပဲ။ သူတို့က စကျင်တောင် ဘက်ကနေလာတာပါ။ ၁၅မိနစ် အပြင်းအထန် ထိတွေ့ပေမဲ့ တနေကုန် နဲနဲတော့ ထိတွေ့ပါတယ်။ အခုမတ္တရာ ဘက်ပြန်ဆုတ်သွားပြီ။”ဟု Unicorn Guerrilla Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို ကောင်းကင်တော်လှန်ရေးအင်အားစုက ဦးဆောင်၍ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊စိန်ပန်းနီနီ Drone တပ်ဖွဲ့နှင့် နယ်မြေပကဖများ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ပကဖ ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်စဥ် MA ဘောက်တဘောက်နှင့် ကျည် ၁၀ တောင့်ရရှိခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့်ဒေသတွင်း PDFများ ယမန်နေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသည်။


















































