Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ဖလမ်း – ဟားခါးလမ်းပိုင်း ခရီးသွားလာခြင်းမပြုရန် CNO/CNDF သတိပေး

CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။

(၂၀၂၂မေလက ဖလမ်း မြို့နယ်အတွင်း စစ်ကောင်စီ ယာဥ်တန်းကို ချင်းတပ်ဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - CNDF)
(၂၀၂၂မေလက ဖလမ်း မြို့နယ်အတွင်း စစ်ကောင်စီ ယာဥ်တန်းကို ချင်းတပ်ဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - CNDF)

ချင်းပြည်နယ် ဖလမ်း-ဟားခါး လမ်းတလျှောက် စစ်ရေးတင်းမာပြီး တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အဆိုပါလမ်းမကြီးတွင် မတ်လ ၁၉ရက်မှစပြီး ခရီးသွားလာခြင်း မပြုရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။

CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ယာဉ်တန်းသည် မတ်လ ၇ရက်မှစ၍ ချင်းပြည်နယ် ဘက်သို့ ဦးတည်ထွက်ခွာလာရာ ယခုအချိန်တွင် ဖလမ်းမြို့နယ်အတွင်းရောက်ရှိနေပြီ ဖြစ်သည်။

ကလေးနှင့် ဖလမ်းမြို့ကြားတွင်လည်း အဆိုပါ ယာဉ်တန်းကို ဒေသခံချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါးဗျူဟာသို့ စစ်အင်အား၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။