Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်တွင် စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်

၂၀၂၃ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီကချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ မတူပီ ၊ မင်းတပ်မြို့နယ်များ၌လေကြောင်းတိုက်ခိုက်မှု အခြေအနေကိုစုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)
(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)

▪︎စစ်ရေးပစ်မှတ်များသာမက စစ်ရှောင်နေထိုင်ရာနှင့် ပြည်သူလူထုရှိရာ ရွာများပါ တိုက်ခိုက်ခံရ

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က ယခုနှစ် နှစ်လတာအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း၁၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်း အကြမ်းဖက် စစ်ကောင်စီကချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ ဟားခါး၊ မတူပီ ၊ မင်းတပ်မြို့နယ်များ၌လေကြောင်းတိုက်ခိုက်မှု အခြေအနေကိုစုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်လအတွင်း ချင်းပြည်နယ်၌ တိုက်လေယာဉ် ၊ စစ်ရဟတ်ယာဉ် များဖြင့် အနည်းဆုံး ၁၁၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူလူထုနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)
(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)

လေကြောင်း တိုက်ခိုက်မှုတွင် ထန်တလန်မြို့တွင်းမှ လွဲ၍ ကျန်သည့်နေရာများသည် စစ်ဘေးရှောင်များနေထိုင်သည့် နေရာနှင့် ပြည်သူ လူထု နေ ကျေးရွာများဖြစ်သည်ဟုလည်း​ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခံရသည့် မြို့နယ်မှာ ထန်တလန်မြို့နယ် ဖြစ်ပြီး CNF ဌာနချုပ်နေရာ၊ ထန်တလန်မြို့တွင်း နေရာများကို လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​ဇန်နဝါရီလတွင် အကြိမ် ၄၀နှင့် ​ဖေ​ဖော်ဝါရီတွင် ၇၅ ကြိမ် စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)
(စစ်​ကောင်စီတပ် ​​လေ​ကြောင်းမှတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများနှင့် မ​ပေါက်ကွဲ​သေး​သောဗုံးတစ်လုံး။ဓာတ်ပုံ-CNF)

ချင်းတပ် CNF/CDF တပ်များအနေဖြင့်လည်း ထန်တလန်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို ချင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

စစ်ကောင်စီတပ်သည် မြေပြင်တိုက်ပွဲမယှဉ်နိုင်၍ လေကြောင်း ပစ်ကူဖြင့်တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း CNFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook