Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီထံရခိုင်ဒီမိုက​ရေစီအဖွဲ့ချုပ်( ALD ) ပါတီမှတ်ပုံမတင်

ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။

(ALDပါတီ အမှတ်တံဆိပ်နှင့် ​ဖေ​ဖော်ဝါရီလက အစည်းအ​ဝေးပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-ALD)
(ALDပါတီ အမှတ်တံဆိပ်နှင့် ​ဖေ​ဖော်ဝါရီလက အစည်းအ​ဝေးပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-ALD)

▪︎ပါတီ မူဝါဒအရ အာဏာရှင်နှင့် မပူးပေါင်း၊ ဆက်သွယ်မှုမရှိ၊ တွေ့ဆုံခြင်းမပြုဟု အသိပေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုသကဲ့သို့ ပါတီမှတ်ပုံတင်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ALD ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

ALD၏ မိတ်ဆွေပါတီ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ကလည်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။ ALD အနေဖြင့်လည်း ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။

“ကျနော်တို့ ပါတီက အစောကြီးကတည်းက ရွေးကောက်ပွဲ ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုတာကို ပြောထားတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက် ဗဟိုကော်မတီအစည်းအဝေးမှာတော့ ဗဟိုကော်မတီတွေ၊ မြို့နယ်ခေါင်းဆောင်တွေ တက်ပြီး ဆုံးဖြတ်ချက် ထပ်ပြီးချတယ်” ဟု ဦးမျိုးကျော်က ပြောသည်။

ပါတီ မူဝါဒအရ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်နှင့်မှ မပူးပေါင်းဆိုသည့် မူဝါဒရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့က အဲဒီ မူဝါဒအပေါ်မှာပဲရပ်တည်တယ်။ အဲဒါကြောင့် ဒီစစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့က အာဏာသိမ်း အစိုးရနဲ့ ပတ်သက်လို့ ဘာမှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း ဘာမှ လုပ်ကိုင်ထားတာမရှိပါဘူး” ဟု ဦးမျိုးကျော်က ပြောသည်။

စစ်ကောင်စီက ပါတီ မှတ်ပုံတင်ခြင်းကို အတွက် ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ယင်းကာလအတွင်း မှတ်ပုံမတက်ပါက ပါတီအလိုအလျောက် ပျက်ပြယ်ကြောင်း ထုတ်ပြန်ထားရာ ဦးမျိုးကျော်က ယင်းသို့ အခြေအနေမျိုးကြုံရပါက ၎င်းတို့အတွက် မဆန်းကြောင်း၊ ၁၉၉၀ ကာလကလည်း ၎င်းတို့ ပါတီအနေဖြင့် ဖျက်သိမ်းခံရမှု ကြုံရကြောင်း ဦးမျိုးကျော်က ပြောသည်။

၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်​ထောင်ခဲ့​သော ALD ပါတီသည် ၁၉၉၀ ​ရွေး​ကောက်ပွဲတွင် လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်​တော်​နေရာ ၃၉၂ ​နေရာအနိုင်ရရှိခဲ့​သော NLD ၊ လွှတ်​တော်​နေရာ ၂၃ ​နေရာအနိုင်ရရှိခဲ့​သော SNLD ပါတီတို့ပြီးလျှင် လွှတ်​တော်​နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့​သောပါတီဖြစ်သည်။

ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook