Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီထံရခိုင်ဒီမိုက​ရေစီအဖွဲ့ချုပ်(ALD) ပါတီမှတ်ပုံမတင်

၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်​ထောင်ခဲ့​သော ALD ပါတီသည် ၁၉၉၀ ​ရွေး​ကောက်ပွဲတွင် လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်​တော်​နေရာ ၃၉၂ ​နေရာအနိုင်ရရှိခဲ့​သော NLD ၊ လွှတ်​တော်​နေရာ ၂၃ ​နေရာအနိုင်ရရှိခဲ့​သော SNLD ပါတီတို့ပြီးလျှင် လွှတ်​တော်​နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့​သောပါတီဖြစ်သည်။

(ALDပါတီ အမှတ်တံဆိပ်နှင့် ​ဖေ​ဖော်ဝါရီလက အစည်းအ​ဝေးပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-ALD)
(ALDပါတီ အမှတ်တံဆိပ်နှင့် ​ဖေ​ဖော်ဝါရီလက အစည်းအ​ဝေးပြုလုပ်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-ALD)

▪︎ပါတီ မူဝါဒအရ အာဏာရှင်နှင့် မပူးပေါင်း၊ ဆက်သွယ်မှုမရှိ၊ တွေ့ဆုံခြင်းမပြုဟု အသိပေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုသကဲ့သို့ ပါတီမှတ်ပုံတင်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ALD ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

ALD၏ မိတ်ဆွေပါတီ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ကလည်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။ ALD အနေဖြင့်လည်း ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။

“ကျနော်တို့ ပါတီက အစောကြီးကတည်းက ရွေးကောက်ပွဲ ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုတာကို ပြောထားတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက် ဗဟိုကော်မတီအစည်းအဝေးမှာတော့ ဗဟိုကော်မတီတွေ၊ မြို့နယ်ခေါင်းဆောင်တွေ တက်ပြီး ဆုံးဖြတ်ချက် ထပ်ပြီးချတယ်” ဟု ဦးမျိုးကျော်က ပြောသည်။

ပါတီ မူဝါဒအရ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်နှင့်မှ မပူးပေါင်းဆိုသည့် မူဝါဒရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့က အဲဒီ မူဝါဒအပေါ်မှာပဲရပ်တည်တယ်။ အဲဒါကြောင့် ဒီစစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့က အာဏာသိမ်း အစိုးရနဲ့ ပတ်သက်လို့ ဘာမှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း ဘာမှ လုပ်ကိုင်ထားတာမရှိပါဘူး” ဟု ဦးမျိုးကျော်က ပြောသည်။

စစ်ကောင်စီက ပါတီ မှတ်ပုံတင်ခြင်းကို အတွက် ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ယင်းကာလအတွင်း မှတ်ပုံမတက်ပါက ပါတီအလိုအလျောက် ပျက်ပြယ်ကြောင်း ထုတ်ပြန်ထားရာ ဦးမျိုးကျော်က ယင်းသို့ အခြေအနေမျိုးကြုံရပါက ၎င်းတို့အတွက် မဆန်းကြောင်း၊ ၁၉၉၀ ကာလကလည်း ၎င်းတို့ ပါတီအနေဖြင့် ဖျက်သိမ်းခံရမှု ကြုံရကြောင်း ဦးမျိုးကျော်က ပြောသည်။

၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်​ထောင်ခဲ့​သော ALD ပါတီသည် ၁၉၉၀ ​ရွေး​ကောက်ပွဲတွင် လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်​တော်​နေရာ ၃၉၂ ​နေရာအနိုင်ရရှိခဲ့​သော NLD ၊ လွှတ်​တော်​နေရာ ၂၃ ​နေရာအနိုင်ရရှိခဲ့​သော SNLD ပါတီတို့ပြီးလျှင် လွှတ်​တော်​နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့​သောပါတီဖြစ်သည်။

ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။