Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ်တွင် ကျေးရွာများဖျက်ဆီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA/PDF တိုက်ခိုက်

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ကချင်ပြည်နယ်ရှိ PDFတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)
(ကချင်ပြည်နယ်ရှိ PDFတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရွှေကူမြို့နယ် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ခုခံတိုက်ခိုက်ခဲ့ကြောင်း ရွှေကူ KPDFက ထုတ်ပြန်သည်။

မတ်လ ၂၃ရက် နံနက် ၉နာရီတွင် ရွှေကူမြို့နယ် ငှက်တံတားရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် အင်အားသုံးဝင်ရောက်လာ၍ KIA/ရွှေကူ KPDF၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ခုံကာကွယ်ခဲ့ကြောင်း၊ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ရွှေကူဒေသခံတစ်ဦးကလည်း “သူတို့က အထက်လမ်းအောက်လမ်း ပတ်ဝင်တာ။ မြို့ပေါ် စည်သာ ပတ်လမ်းခေါ်မှာပေါ့။ ရွှေကူမြို့ အမှတ်(၁)ကနေ အထက်တက်သွားရင် စည်သာဘက် ငှက်တံတား၊ တုံးကောက် ပတ်သွားတာပေါ့။ အဲဒီကနေ မြောက်ဘက်ပတ်ပြီး မြို့ကိုပြန်ဝင်တာ။ အထိအခိုက်တော့ မကြားမိဘူး။ သူတို့ ခြောက်ပစ် လှန့်ပစ်ပြီး ဝင်တယ်လို့ အောက်မေ့တယ်။ နည်းနည်းပါးပါး ပစ်သံတော့ကြားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ အဆိုပါဒေသရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာဖြစ်လို့လည်းဆိုတော့ သူတို့က လက်နက်ကြီးတွေကပရမ်းပတာပစ်တာ။ ပစ်တော့ ရွာထဲတွေ ကျချင်ရာကျ မှန်ချင်ရာမှန် အဲဒီလို ပစ်တာဆိုတော့ ဒေသခံတွေက နည်းနည်းပါးပါး တိမ်းထားရတာပေါ့။ မတိမ်းလို့လည်း အဆင်မပြေဘူး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။