Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို

ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို
ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို

ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းနိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ မတ် ၂၅ ရက်မနက်ပိုင်းတွင် ကရင်ပြည်နယ် မြတတီမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့သလို့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ယနေ့ နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်၏ နယ်မြေခံ ခြေမြန်တပ်ရင်း(၅၄၆)တပ်နှင့် ကျုံဒိုးမြို့ရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ကဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကျုံဒိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးရနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ အရှင်အများကြီးမိတယ်။ ကျုံဒိုးရဲစခန်းမှာ။ လက်နက်ချတာတဲ့၊ လက်နက်လည်းအကုန်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်း ခုတ်ခွါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ယနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။