Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပေါ်ရှိ စျေးဆိုင်ခန်းများအား စစ်အုပ်စု မီးရှို့ဖျက်ဆီး

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

(မုံရွေးကျေးရွာရှိ ဆိုင်ခန်းများအား စစ်အုပ်စုနှင့် ပျူများက မီးရှို့သွားစဥ်။ ဓာတ်ပုံ - ဒေသခံ)
(မုံရွေးကျေးရွာရှိ ဆိုင်ခန်းများအား စစ်အုပ်စုနှင့် ပျူများက မီးရှို့သွားစဥ်။ ဓာတ်ပုံ - ဒေသခံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပေါ် မုံရွေးစံပြကျေးရွာရှိ နေအိမ်တစ်လုံးနှင့် စျေးဆိုင်ခန်းများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၂၅ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က မုံရွာ – ချောင်းဦးလမ်းပိုင်းရှိ မုံရွေးစံပြကျေးရွာအား စွမ်းရည်ထက်ဆီဆိုင်အနီးရှိ စစ်ကောင်စီတပ်နှင့် တောပုကျေးရွာမှ ပျူစောထီးများ ရောက်ရှိလာပြီး ဓူဝံလက်ဖက်ရည်ဆိုင်အပါအဝင် ဆိုင်ခန်း ၆ခန်း၊ နေအိမ်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ပေါက်ကွဲသံတွေ သေနတ်သံတွေလည်း ကြားလိုက်ရတယ်။ အဲဒီဆိုင်တွေက စျေးနဲ့လည်းနီးတယ်။”ဟု မုံရွာနယ်ခံတစ်ဦးက ပြောသည်။

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တောပုကျေးရွာမှ ပျူစောထီးများသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ မုံရွာနယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသတွင်းတော်လှန်ရေးအင်အားစုများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ဖေ​ဖော်ဝါရီလကုန်အထိ အိမ်ပေါင်း ၆၀,၄၅၉လုံး မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။