Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများ ရပ်တန့်ရန် ကနေဒါ ထပ်မံတောင်းဆို

ထို့အပြင် ကနေဒါ၏ နောက်ဆုံးကြေညာခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးပေးခြင်း (သို့) ပို့ဆောင်ခြင်းအပေါ် တားမြစ်ချက် အသစ်တစ်ရပ် ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS)

စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ကနေဒါသံရုံးက တောင်းဆိုထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့ (စစ်ကောင်စီ၏ တပ်မတော်နေ့)တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ယင်းသို့ ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအားလုံးအနေဖြင့်လည်း မြန်မာနိုင်ငံကို လက်နက်များ၊ စစ်ဘက်သုံး ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းကိရိယာများနှင့် နည်းပညာအထောက်အပံ့များ ရောင်းချခြင်း (သို့) လွှဲပြောင်းခြင်းကို ချက်ချင်း ရပ်တန့်ပစ်ခြင်းဖြင့် မြန်မာပြည်သူများကို ကူညီပေးရန် တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကနေဒါက စစ်တပ်ခေါင်းဆောင်ပိုင်း၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများ၊ စစ်တပ်၏ စီးပွားရေးလုပ်ငန်း များ၊ စစ်တပ်နှင့်ဆက်စပ်သော အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၇ ကြိမ်အထိ လုပ်ဆောင်ထားသည်။ ယင်းပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိိုလ် ၅၀ နှင့် အဖွဲ့အစည်း ၁၉ ခုတို့ ပါဝင်သည်။

ထို့အပြင် ကနေဒါ၏ နောက်ဆုံးကြေညာခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးပေးခြင်း (သို့) ပို့ဆောင်ခြင်းအပေါ် တားမြစ်ချက် အသစ်တစ်ရပ် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါဒဏ်ခတ်ပိတ်ဆို့မှုအများစုကို ကနေဒါက ၎င်း၏ မိတ်ဖက်များဖြစ်သော ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အမေရိကန်တို့နှင့်အတူ ပူးတွဲအရေးယူမှုပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်တွင် ကြေညာခဲ့သော အရေးယူမှုတွင် သြစတြေးလျနိုင်ငံကလည်း ယင်းနိုင်ငံများနှင့်အတူ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။