ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာမြန်မာ့အရေးဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲသွားစေတယ်လို့ ဂျပန်အစိုးရက သဘောထားထုတ်ပြန်လိုက်ပါတယ်။
NLD ကို နိုင်ငံရေး မှာ ထပ်မံဖယ်ထုတ်တာဟာ မြန်မာနိုင်ငံ ရဲ့အကြပ်အတည်း ကို ဖြေရှင်းရာမှာ ပိုခက်ခဲသွားစေတယ်လို့ ဂျပန်အစိုးရကဆိုပါတယ်။
ဂျပန်အစိုးရအနေနဲ့ အခြေအနေအရပ်ရပ်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာစစ်တပ်ကို အစဉ်တစိုက်တိုက်တွန်းခဲ့တယ်လို့ ဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ဖို့ နဲ့ သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အဖြေရှာဖို့ မြန်မာစစ်တပ်ကို ဂျပန်အစိုးရက တိုက်တွန်းပါတယ်။

Public Service Announcement
ဒါအပြင် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာမှာကို ဂျပန်အစိုးရက စိုးရိမ်နေပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း မြန်မာစစ်တပ်ကို တပါတည်းတိုက်တွန်းထားတာတွေ့ရပါတယ်။
ဓာတ်ပုံ − AFP-JIJI


















































