Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေးစာတန်းချိတ်ပြီး မိုင်းခွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးကို မတ်လ ၂၇ ရက် နံနက်က မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း ၊ ရတနာပုံခန်းမအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။

(ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲထားစဉ်။ ဓာတ်ပုံ - မြနန္ဒာစစ်ဆင်ရေး)
(ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲထားစဉ်။ ဓာတ်ပုံ - မြနန္ဒာစစ်ဆင်ရေး)

ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်လမ်းမတွင် မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။

“ပထမတစ်လုံးကို ကျွန်တော်တို့ခွဲပြီး ခေါ်တာ။ နောက်နှစ်လုံးက တစ်လုံးကို တွေ့သွားပြီး ရှင်းလင်းရေးလုပ်တဲ့ အချိန် နောက်တစ်လုံးကိုခွဲလိုက်တာ ” ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို မတ်လ ၂၇ ရက် နံနက်က မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း ၊ ရတနာပုံခန်းမအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

“ပေါက်ကွဲပြီးနောက် စခ(စစ်ကောင်စီတပ်)များမှ ရမ်းသမ်းပစ်ခတ်နေပြီး လူနာတင်ကားများလည်းဝင်သွားကြောင်း မြေပြင်သတင်းများအရသိရှိရပါတယ်။ မြနန္ဒာစစ်ဆင်ရေး မှရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကာ စခ ၂ကောင်သေဆုံးကြောင်းအတည်ပြုနိုင်ပြီး ထိခိုက်မှုများနိုင်ကြောင်းသိရပါသည်။”ဟု မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြနန္ဒာစစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးရန် ၎င်းက တောင်းဆိုသည်။

လက်ရှိတွင် ၎င်းတို့၏ နေထိုင် စားသောက်စရိတ်မတွက် အဆင်ပြေသော်လည်း မစ်ရှင်များပြုလုပ်ရန် ပစ္စည်းဖိုးလိုအပ်နေကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ - နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

သတင်း

တိုက်ခိုက်မှုအတွင်း PPDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် အိမ်စီးကားများဖြင့် စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းမပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

သတင်း

မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြိးနောက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း​ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။