Connect with us

Hi, what are you looking for?

သတင်း

ခွာဖိုရွာ လေကြောင်းတိုက်ခိုက်မှု အရပ်သားပြည်သူအပေါ် အကြမ်းဖက်ရန်ဝန်မလေးကြောင်း စစ်ကောင်စီ ထပ်တလဲလဲဖော်ပြမှုဟု ICNCC ထုတ်ပြန်

ယမန်နေ့ (မတ်လ ၃၀ရက်)နံနက်ပိုင်းက ခွာဖိုရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် (၆)နှစ်နှင့် (၉)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၈ဦးတွင် အမျိုးသမီး ၅ဦး ပါဝင်သည်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling

▪️ချင်းတစ်မျိုးသားလုံး စစ်ကောင်စီကို တခဲနက်ဆန့်ကျင်တော်လှန်ရန် တောင်းဆို

ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည့် ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန်ဝန်မလေးကြောင်း ထပ်မံပြသခြင်းဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (မတ်လ ၃၀ရက်)နံနက်ပိုင်းက ခွာဖိုရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် (၆)နှစ်နှင့် (၉)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၈ဦးတွင် အမျိုးသမီး ၅ဦး ပါဝင်သည်။

ထို့ပြင် အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ICNCCက ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့သော အာဏာသိမ်းစစ်ကောင်စီ၏ပြုကျင့်မှုသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန်ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲဖော်ပြနေခြင်းဖြစ်ပြီး၊ လူမဆန်သော လုပ်ရပ်သာဖြစ်သဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ဖော်ပြထားသည်။

ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တစ်ခဲနက်ဆက်လက်ဆန့်ကျင်တော်လှန်ကြရန်အလေးအနက်တိုက်တွန်းကြောင်းလည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများအား ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ကောင်စီက ၎င်းတို့လုပ်နေကျဖြစ်သည့် ပြည်သူအပေါ် ရက်စက်ပြခြင်းဖြစ်ကြောင်း၊ ချင်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်များ၍ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာရှိသလို သူတို့ ရဲ့ကာချုပ်မင်းအောင်လှိုင်ကနေ ကျနော်တို့ကို ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာအဲဒါပါပဲ။ ဘယ်လိုအရေးယူသလဲ ကိုယ့်ပြည်သူကို ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်ရဲ့ ပြည်သူကို ရက်စက်ပြမယ် အဲဒါက သူလုပ်နေကျ အပြစ်မဲ့ ပြည်သူကို အဲဒီလို လုပ်ပြတာ။အဲဒီလို အကြမ်းဖက်ရက်စက်တာပဲဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ပြောကြားထားသည်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling

ပြည်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ရပ်ကို စစ်ကောင်စီတပ်က ဒေသအသီးသီး၌ ကျူးလွန်နေခြင်းဖြစ်သည်။

“ကျနော်တို့ တော်လှန်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာ ပြည်သူကို ဦးတည်ခြင်းမပြုဘဲ တိုက်ခိုက်တာ။ သူတို့က ကိုယ့်ပြည်သူကို ကျနော်တို့ ချင်းပြည်သူတွေကို တရားမဲ့၊ဘုရားမဲ့ အဲဒီလို ရက်စက်နေတာဖြစ်ပါတယ်။ အဲဒါက တလျှောက်လုံး သူတို့ လုပ်လာနေကြ သူတို့ရဲ့ ဗျူဟာတစ်ခု အနေနဲ့ ဖြစ်တယ်။ အဲဒါကြောင့် ဒီလိုလုပ်ရပ်ဟာတကယ့်စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ ဘုရားမဲ့ တရားမဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းပဲဖြစ်တယ်လို့ ပြောချင်တယ်”ဟု ဆလိုင်းထက်နီက ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ စာရင်းများအရ စစ်ကောင်စီတပ်က ဒေသအသီးသီးရှိ ပြည်သူလူထုများအား ယခုကဲ့သို့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု များ ဆက်တိုက်ကျူးလွန်လျက်ရှိရာ လူ ၅ဦးနှင့်အထက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ ကျူးလွန်သည့်အမှု ဖြစ်စဉ်ပေါင်း ၆၅ ကြိမ်ထက်မနည်းရှိပြီး အရပ်သားပြည်သူလူထု ၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။