Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ‌

မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေသော ပြည်သူ့စစ်အဖွဲ့ကို ယနေ့(မတ်လ ၃၁ရက်) နေ့လည် ၁၂နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခြင်းဟု ဆိုသည်။

(ပစ်ခတ်ခံရမှုကြောင့် သေဆုံးနေသော ပြည်သူ့စစ်​တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပစ်ခတ်ခံရမှုကြောင့် သေဆုံးနေသော ပြည်သူ့စစ်​တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အား ယနေ့ နေ့လည်က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ‌ရှိကြောင်း ဒေသခံများက‌ ပြောသည်။

မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေသော ပြည်သူ့စစ်အဖွဲ့ကို ယနေ့(မတ်လ ၃၁ရက်) နေ့လည် ၁၂နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခြင်းဟု ဆိုသည်။

” သေနတ်နဲ့ ပစ်တာဗျ။ အနီးကပ်ပစ်သွားတာ။ ပြည်သူ့စစ်နှစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်။အရပ်သား နှစ်ယောက်လည်း ထိသွားတယ်”ဟု သိန်းသန်းချီကားဝင်းအနီးနေသူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူအရပ်သားနှစ်ဦးမှာ မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မူဆယ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။ မူဆယ်မြို့တွင် ရှင်းလင်းခံရသော စစ်ကောင်စီထောက်တိုင်များအနက် ရာထူးအမြင့်ဆုံးမှာ မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးကို ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၆ရက်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ အ‌ခြေစိုက်ပြည်သူ့လုံခြုံ‌ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)အဖြစ် တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

ယနေ့ ပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေး‌ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။