Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် အင်ဒေါင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ထီးချိုင့်နယ် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)

▪️သေဆုံးသူ ၅ဦးအထိရှိလာ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့တွင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၉ဦး ထိခိုက်ခဲ့ သည်။

ယင်းအနက် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ရာ ယနေ့ ဧပြီ ၁ရက် နံနက်တွင် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့မနက်ဆုံးသွားတာ။ မနက်ကမှ အဲဒီဘက်က လှမ်းပြောတယ် ကလေးတစ်ယောက် ဆုံးသွားတယ်ဆိုတာ။ အမျိုးသမီး သုံးဦး၊ ယောက်ကျားတစ်ဦး၊ ကလေးကလည်း ယောက်ကျားလေးပဲ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဒဏ်ရာရရှိထားသည့် လေးဦးအနက် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ – CJ)

“သူကတော့ စိုးရိမ်စရာတော့မရှိဘူး။ မရှိဘူးဆိုပေမယ့် လောလောဆယ် အခုအချိန်မှာ ကုလို့ အဆင်မပြေနိုင်ဘူးဆိုရင် ပိုပြီးတော့မှ အဆင့်မြင့်တဲ့ဆီကို ပို့ပေးဖို့ ကိုယ့်မြို့နယ်ကို ပြန်ထောက်ပံ့ပေးရမှာပေါ့”ဟု ထီးချိုင့်မြို့နယ် ဒေသခံက ပြောသည်။

ယမန်နေ့က ထီးချိုင့်နယ် အင်ဒေါင်းရွာ အပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု Tigyaing Revolution က ဖော်ပြထားသည်။

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ – CJ)

ဝဲကြီးနှင့် အင်ဒေါင်းရွာကြား ဦးလာဘ ဘုရားအနီး စစ်ရှောင်နေသော ပြည်သူ များရှိရာသို့ လေကြောင်း တိုက်ခိုက်ခံရ၍ အရပ်သားပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိသည်ဟုလည်း ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်သည် ကလေးငယ်နှင့် အမျိုးသမီး သုံးဦး အပါအဝင် အရပ်သား ၅ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်အတူတူပင်ဖြစ်ပြီး သေဆုံးသူ အရေအတွက် ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ထီးချိုင့်နယ် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ ထီးချိုင့်နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။