Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် အင်ဒေါင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ထီးချိုင့်နယ် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)

▪️သေဆုံးသူ ၅ဦးအထိရှိလာ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့တွင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၉ဦး ထိခိုက်ခဲ့ သည်။

ယင်းအနက် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ရာ ယနေ့ ဧပြီ ၁ရက် နံနက်တွင် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့မနက်ဆုံးသွားတာ။ မနက်ကမှ အဲဒီဘက်က လှမ်းပြောတယ် ကလေးတစ်ယောက် ဆုံးသွားတယ်ဆိုတာ။ အမျိုးသမီး သုံးဦး၊ ယောက်ကျားတစ်ဦး၊ ကလေးကလည်း ယောက်ကျားလေးပဲ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဒဏ်ရာရရှိထားသည့် လေးဦးအနက် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ – CJ)

“သူကတော့ စိုးရိမ်စရာတော့မရှိဘူး။ မရှိဘူးဆိုပေမယ့် လောလောဆယ် အခုအချိန်မှာ ကုလို့ အဆင်မပြေနိုင်ဘူးဆိုရင် ပိုပြီးတော့မှ အဆင့်မြင့်တဲ့ဆီကို ပို့ပေးဖို့ ကိုယ့်မြို့နယ်ကို ပြန်ထောက်ပံ့ပေးရမှာပေါ့”ဟု ထီးချိုင့်မြို့နယ် ဒေသခံက ပြောသည်။

ယမန်နေ့က ထီးချိုင့်နယ် အင်ဒေါင်းရွာ အပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု Tigyaing Revolution က ဖော်ပြထားသည်။

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ – CJ)

ဝဲကြီးနှင့် အင်ဒေါင်းရွာကြား ဦးလာဘ ဘုရားအနီး စစ်ရှောင်နေသော ပြည်သူ များရှိရာသို့ လေကြောင်း တိုက်ခိုက်ခံရ၍ အရပ်သားပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိသည်ဟုလည်း ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်သည် ကလေးငယ်နှင့် အမျိုးသမီး သုံးဦး အပါအဝင် အရပ်သား ၅ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်အတူတူပင်ဖြစ်ပြီး သေဆုံးသူ အရေအတွက် ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ထီးချိုင့်နယ် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ ထီးချိုင့်နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီ အာဏာဆက်လက်ဆုပ်ကိုင်ထားသရွေ့ ပြည်သူများပစ်မှတ်ထား တိုက်ခိုက်ခံနေရမည်ဖြစ်၍ ဘုံရန်သူပြုတ်ကျရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။