Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီးသုံးဦး အပါအဝင် လေးဦးသေဆုံး ၊ ငါးဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း အလယ်တောကျေးရွာနှင့် အင်ကြင်းကုန်းရွာအပါအဝင် ထီးချိုင်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ကျော်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ထောင်ကျော်မီးလောင် ပြာကျခဲ့ရသည်။

(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Tigyaing Revolution -TR)
(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Tigyaing Revolution -TR)

▪️ညောင်ပင်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၂၀၀ကျော် ပြာကျ၊ စစ်ကောင်စီတပ် ပစ်ခတ်၍ ဆယ်ကျော်သက်မိန်းကလေးငယ် သေဆုံး

▪️မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကလေးငယ်ဆော့ကစားရာ ပေါက်ကွဲပြီး နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာရှိ တောင်ယာတဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တဲအတွင်းနားနေသည့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ခဲ့ပြီး အမျိုးသမီး သုံးဦး အပါအဝင် လေးဦး သေဆုံးခဲ့ရကြောင်း ထီးချိုင့် ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ထီးချိုင့်မြို့နယ်သို့ ယမန်နေ့က ဝင်ရောက်စစ်ကြောင်းထိုးလာပြီး ညောင်ပင်သာကျေးရွာကို မီးရှို့ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ထီးချိုင့်နယ်ရှိ အခြားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ရှင်းပြသည်။

(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Tigyaing Revolution -TR)
(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Tigyaing Revolution -TR)

“မနေ့က မနက်ညောင်ပင်သာဝင်တယ်။ ပစ်ဝင်ဝင်တာ။ လူငယ်အမျိုးသမီး အပျိုပေါက်လေးပေါ့ ၁၆၊ ၁၇ လောက်ကလေးတစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ အဲဒါပြီးတော့ ညောင်ပင်သာရွာကိုမီးရှို့တယ်။ အိမ်ခြေ ၂၀၀ နဲ့ ၃၀၀ ကြားကုန်သွားတယ်။ မနက်က တောင်ပေါ်မှာ သူတို့ ထမင်းချက်စားပြီး အောက်ဆင်းသလား မသိဘူး ဒီက အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာ။ မနက်ပိုင်းမှာဖြစ်တော့ သူတို့ ထိခိုက်မှုဖြစ်တယ်ထင်တယ်။ အဲဒီအချိန် ညနေပိုင်းကျမှ လေယာဉ်က မဆီမဆိုင် ဘာမှမဆိုင်တဲ့ ပေါက်ကုန်းကိုလာချတာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကုန်းရွာသည် ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း၌ တည်ရှိကြောင်း၊ ပေါက်ကုန်းရွာ၌ လူထိခိုက်မှုမကြားရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Tigyaing Revolution -TR)
(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Tigyaing Revolution -TR)

“ပေါက်ကုန်းမှာ ချသွားတော့ စာသင်ကျောင်းနားက အိမ်နှစ်အိမ်နဲ့ ကွန်ပျူတာဆောင်က သွပ်မိုးထိသွားတယ်။ အဲဒီက ဝဲပြီး ညောင်ပင်သာဘက်ကို ဝဲပြီး ညောင်ပင်သာလည်းချမသွားဘဲနဲ့ ဧရာအရှေ့ခြမ်းက အင်ဒေါင်းရွာ တောင်ဘက်က တဲလေးကို သွားချတာ။ အဲဒီမှာ ပြည်သူကိုးဦးထိသွားတာ။ သူတို့ နားတုန်းမှာပေါ့။ ကိုးဦးထိတာ ထိထိချင်း သုံးယောက်သေတယ်။ ခဏနေ အမျိုးသမီးတစ်ယောက်သေတယ်။ ကျား တစ်၊ မ သုံးပေါ့ လေးယောက်သေတယ်။ နှစ်ယောက်က အပြင်းအထန်ရှိတယ် နောက်ထပ် သုံးဦးကသာမန်ဒဏ်ရာ” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် မဆိုင်သည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံများ စိုးရိမ်နေကြရသည်ဟုဆိုသည်။

“တိုက်ပွဲရှိတဲ့နေရာပဲ သူတို့ အထိနာမှ သူတို့က လေယာဉ်ခေါ်တာကိုး။ အခုက ဘာမှ မဖြစ်ဘဲနဲ့ ဖြစ်ခြင်းဖြစ်တောင် ညောင်ပင်သာဘက်ကို ဖြစ်ရာမှာ အခုက မထင်မှတ်တဲ့နေရာဖြစ်တာဆိုတော့ စိုးရိမ်စိတ်တွေကြီးကြတာပေါ့ကွယ်။ အခုက ပြည်သူတွေ ထိသွားတာဆိုတော့ ပိုဆိုးတာပေါ့။ စိတ်မကောင်းစရာ” ဟု ဒေသခံက ပြောသည်။

မတ်လ ၃၀ ရက်ကလည်း ထီးချိုင့်မြို့နယ် အလယ်တော ရွာအနီးရှိ အင်ကြင်းကုန်းရွာ၌ စစ်ကောင်စီတပ် ပစ်ခတ်၍ ကျန်ခဲ့သည့် လက်နက်ကြီးကျည်ကို ကလေးငယ်ကဆော့စကားရာ ပေါက်ကွဲပြီး လေးဦးထိခိုက်မိပြီး နှစ်ဦးမှာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Tigyaing Revolution -TR)
(အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပြွဲဖစ်ပွားခြင်းမရှိဘဲ ထီးချိုင့်နယ် ပေါက်ကုန်းရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Tigyaing Revolution -TR)

“အင်ကြင်းကုန်းရွာမှာ ခွေးတွေပစ်ထားခဲ့တဲ့ (၄၀) မမကျည်က မကွဲတာကို ကလေးက အဲဒါကို ဆော့မှာပေါ့။ ခေါက်တယ်တဲ့ ခေါက်တော့ ကွဲသွားတာ လေးယောက်ထိသွားတယ် နှစ်ယောက်က ပွဲချင်းပြီး။ မနေ့က ညနေပိုင်းပေါ့” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း အလယ်တောကျေးရွာနှင့် အင်ကြင်းကုန်းရွာအပါအဝင် ထီးချိုင်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ကျော်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ထောင်ကျော်မီးလောင် ပြာကျခဲ့ရသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကချင်ပြည်နယ် ရွှေကူ စသည့် ဒေသများ၌ စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိပြီး လေကြောင်း တိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်ရာတွင် အရပ်သားပြည်သူများနေထိုင်ရာနေရာကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook