Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးတက္ကသိုလ်အတွင်းတပ်စွဲ​နေသာစစ်တပ်ကို CDF-CDM(စီးယင်း)ခြုံခိုတိုက်ခိုက်

စစ်ကောင်စီတပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သော်လည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။

(CDF-CDM (စီးယင်း)နှင့် ​ဒေသခံ ကာကွယ်​ရေး တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-CDM (စီးယင်း) )
(CDF-CDM (စီးယင်း)နှင့် ​ဒေသခံ ကာကွယ်​ရေး တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-CDM (စီးယင်း) )

ကလေးမြို့ တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လက်နက်အချို့သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် CDF-CDM(စီးယင်း)ကပြောသည်။

ယနေ့(ဧပြီ ၄ ရက်) နံနက် ၅ နာရီခန့်က ကလေးမြို့ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ပူးပေါင်း၍ တက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကိုခြုံခို တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တိုက်ပွဲက သိပ်မကြာလိုက်ဘူး။မိနစ် ၂၀နာရီဝက်လောက်ပဲ ရှိမယ်။သွားတိုက်တဲ့ ရဲဘော်တွေအကုန် ဘေးကင်းစွာပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရတယ်”ဟု ကလေးမြို့ မှ ​ဒေသခံကာကွယ်​ရေးတပ်များနှင့် နီးစပ်​သောသတင်းရင်းမြစ်ကPeople’s Spring သတင်းဌာနသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေပြီး ငါးယောက်ဒဏ်ရာရကာ ထွက်ပြေးသွားသည်ဟု CDF-CDM (စီးယင်း)မှတာဝန်ရှိသူက​ပြောသည်။ထိုအပြင်လက်နက်ခဲယမ်းအချို့ ပါသိမ်းဆည်းရမိကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“မြောက်ဘက်တိုက်ပွဲပြင်းထန်နေတော့ မြို့ထဲလုပ်ရှား ရင် မြောက်ဘက်ပိုင်းအတွက်တိုက်ပွဲအရှိန်လျှော့သွားဖို့ကတစ်ကြောင်း၊ ကျနော်တို့က တစ်ဖြည်းဖြည်း နဲ့ကျနော်တို့နယ်

မြေထဲက စကစ ကင်းစခန်းအားလုံးကို ရှင်းထုတ်သွားဖို့ပြင်ဆင်နေပါတယ်”ဟုအထက်ပါတာဝန်ရှိသူကဆိုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ဘက်ဒေသတွင် ယနေ့အထိ စစ်ရေးပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီက မြေပြင်အင်အားအပါအဝင် လက်နက်ကြီး နှင့် လေယာဥ်များ​အသုံးပြု တိုက်ခိုက်နေသည်။

Public Service Announcement
Public Service Announcement

က​လေးတက္ကသိုလ်အတွင်းတပ်စွဲထား​သော စစ်​ကောင်စီတပ်က က​လေးမြို့​မြောက်ပိုင်းရှိ​ကျေးရွာများကို လက်နက်ကြီးဖြင့်​နေစဥ်ရက်ဆက်ပစ်ခတ်​နေခြင်းဖြစ်​ကြောင်း ​ဒေသခံကာကွယ်​ရေးအဖွဲ့များက​ပြောသည်။

ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်ကတည်း ထိုးစစ်ဆင်နေပြီး ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များရှိနိုင်သည့် ထင်သောနေရာများကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ သည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်များသည် ပျဉ်းတောဦးရွာကို ဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည်။ပျဥ်းတောဦးရွာ စစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ကျော်ရှိသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်သည် လက်ပံချောင်းရွာအနောက်မြောက်ရှိ ပျူစောထီးရွာမှ ချမ်းသာကြီးရွာကို စစ်ကြောင်းထိုးလာစဉ် လက်ပံချောင်းရွာမရောက်မီ မတ်လ၃၀ရက်က ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား မတ်လ ၃၁ ရက်မှ ယမန့်နေ့( ဧပြီ ၃ရက်)အထိတိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခြင်းဖြစ်သည်။

လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအနည်းဆုံး၁၀ဦး ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များက​ ပြောသည်။

စစ်ကောင်စီတပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သော်လည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။