Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့မြောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းအလွန်အကျွံသုံးထိုးစစ်ဆင်နေ

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်ပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။

(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)
(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)

ကလေးမြို့နယ်၊ မြောက်ဘက် ပျဉ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး အကြီးအကျယ်သုံးပြီး ထိုးစစ်ဆင်နေကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ တာဝန်ရှိသူများက​ပြောသည်။

ကလေးမြိုနယ်၊မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မတ် ၃၀ ရက်ကတည်း ထိုးစစ်ဆင်နေပြီး ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များရှိနိုင်သည့် ထင်သော နေရာများကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

“လက်ပံချောင်းမှာ NUG PDFတွေရှိတယ်ထင်လို့ ထိုးစစ်ဆင်လာတာ တနေကုန်လက်နက်ကြီးလည်း မနားသေးဘူး။ လက်နက်ကြီး အကြိမ် ၅၀ အနည်းဆုံးပစ်နေပါတယ်၊ အခုထိကို မနားသေးဘူး”ဟု အထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။

(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)
(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)

စစ်ကောင်စီတပ်က ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ တစ်စီးနှင့် ရဟတ်ယာဉ် ၃ စီးဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီး Mi17 ရဟတ်ယာဉ်ဖြင့်လည်းလူအင်အားထပ်ဖြည့်နေသည်ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ အရင်က တူးမီးနဲ့ တိုက်ရာက​နေ ပြည်သူ့တွေမှာ မောင်းပြန်သေနတ်တွေရှိတော့ သူတို့ကိုယှဉ်နိုင်မှာကြောက်ပြီး ရဟတ်ယာဉ် ၃ စီးနဲ့ ဂျက်ဖိုက်တာ တစ်စီးရယ်သုံးပြီးတိုက်နေတယ်” ဟုအထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ပျဉ်းတောဦးရွာကို ဝင်မွှေနေပြီး ပြည်သူ့အိုးအိမ်များကို မီးရှို့နေသည်ဟု ၎င်းကဆိုသည်။စစ်ကောင်စီအင်အားသည် ၁၀၀ကျော်ရှိသည်ဟုလည်းသိရသည်။

စစ်ကောင်စီတပ်သည် လက်ပံချောင်းရွာအနောက်မြောက်ရှိ ပျူစောထီးရွာမှ ချမ်းသာကြီးရွာကို စစ်ကြောင်းထိုးလာစဉ် လက်ပံချောင်းရွာမရောက်ခင် မတ်၃၀ရက်က ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား မတ် ၃၁ ရက်မှ ယမန့်နေ့( ဧပြီ ၃ ရက်)အထိတိုက်ပွဲများဆက်တိုက်ပြင်းထန်နေခြင်းဖြစ်သည်။

လေးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှာအနည်းဆုံးစစ်သား ၁၀ကျော် ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။ စစ်တပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သောလည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပါ။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်ပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။