Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့မြောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းအလွန်အကျွံသုံးထိုးစစ်ဆင်နေ

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်ပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။

(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)
(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)

ကလေးမြို့နယ်၊ မြောက်ဘက် ပျဉ်းတောဦးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး အကြီးအကျယ်သုံးပြီး ထိုးစစ်ဆင်နေကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ တာဝန်ရှိသူများက​ပြောသည်။

ကလေးမြိုနယ်၊မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မတ် ၃၀ ရက်ကတည်း ထိုးစစ်ဆင်နေပြီး ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များရှိနိုင်သည့် ထင်သော နေရာများကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

“လက်ပံချောင်းမှာ NUG PDFတွေရှိတယ်ထင်လို့ ထိုးစစ်ဆင်လာတာ တနေကုန်လက်နက်ကြီးလည်း မနားသေးဘူး။ လက်နက်ကြီး အကြိမ် ၅၀ အနည်းဆုံးပစ်နေပါတယ်၊ အခုထိကို မနားသေးဘူး”ဟု အထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။

(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)
(က​လေးမြို့နယ်​မြောက်ပိုင်းတွင် စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေမှုနှင့် ​သေဆုံးသွား​သောစစ်သားထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ ။ဓါတ်ပုံ-CNO/CJ)

စစ်ကောင်စီတပ်က ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ တစ်စီးနှင့် ရဟတ်ယာဉ် ၃ စီးဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီး Mi17 ရဟတ်ယာဉ်ဖြင့်လည်းလူအင်အားထပ်ဖြည့်နေသည်ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ အရင်က တူးမီးနဲ့ တိုက်ရာက​နေ ပြည်သူ့တွေမှာ မောင်းပြန်သေနတ်တွေရှိတော့ သူတို့ကိုယှဉ်နိုင်မှာကြောက်ပြီး ရဟတ်ယာဉ် ၃ စီးနဲ့ ဂျက်ဖိုက်တာ တစ်စီးရယ်သုံးပြီးတိုက်နေတယ်” ဟုအထက်ချင်းတွင်းဒေသ CNO/ CNDFတာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် ပျဉ်းတောဦးရွာကို ဝင်မွှေနေပြီး ပြည်သူ့အိုးအိမ်များကို မီးရှို့နေသည်ဟု ၎င်းကဆိုသည်။စစ်ကောင်စီအင်အားသည် ၁၀၀ကျော်ရှိသည်ဟုလည်းသိရသည်။

စစ်ကောင်စီတပ်သည် လက်ပံချောင်းရွာအနောက်မြောက်ရှိ ပျူစောထီးရွာမှ ချမ်းသာကြီးရွာကို စစ်ကြောင်းထိုးလာစဉ် လက်ပံချောင်းရွာမရောက်ခင် မတ်၃၀ရက်က ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား မတ် ၃၁ ရက်မှ ယမန့်နေ့( ဧပြီ ၃ ရက်)အထိတိုက်ပွဲများဆက်တိုက်ပြင်းထန်နေခြင်းဖြစ်သည်။

လေးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှာအနည်းဆုံးစစ်သား ၁၀ကျော် ထိခိုက်သေဆုံးမှုရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။ စစ်တပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သောလည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပါ။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ပံချောင်း၊မြောက်ချောင်း၊ ချင်းရွာ၊ပျဉ်းတော်ဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ် ၊ ဆည်ကြီးစသည့် ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာ ၂၀ခန့်ပြည်သူ သုံးသောင်းကျော်ထွက်ပြေး တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook