Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် ပန်းရွာရှိ PDFစခန်းတစ်ခုကို ယနေ့ စစ်ကောင်စီက လေကြောင်းမှစီးနင်းတိုက်ခိုက်

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪️ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုကို ယနေ့ နံနက် စစ်ကောင်စီက လေကြောင်းမှ စီးနင်းတိုက်ခိုက်ရာ ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” Mi- 35တစ်စီးနဲ့ Mi -17 နှစ်စီး လူလာချတယ်။ ဒါကို ကျွန်တော်မျက်မြင်တွေ့တယ်။ နောက်ထပ်နှစ်စီးထပ်လာတယ်။ စခန်းက ရဲဘော်တွေအားလုံးလွတ်တယ်။ အရပ်သားတွေကိုလည်း PDF အဖွဲ့တွေက ကယ်ထုတ်နေပြီး အထိအခိုက်မရှိဘူး”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် Mi-35 ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi -17 ဖြင့် လူအင်အားတိုးချကာ မြေပြင်တွင် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့လည်အထိ‌တော့ ကိုယ့်ဘက်ရော၊ ပြည်သူတွေရော အထိအခိုက်မရှိဘူး။စစ်ကောင်စီက မြေပြင်မှာ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ ‌စောင့်ကြည့်‌နေတယ်”ဟု ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၂၅ရက်ကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို ယခုပုံစံအတိုင်း စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးပြီး ဒေသခံ ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။