Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ် ပန်းရွာရှိ PDFစခန်းတစ်ခုကို ယနေ့ စစ်ကောင်စီက လေကြောင်းမှစီးနင်းတိုက်ခိုက်

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪️ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုကို ယနေ့ နံနက် စစ်ကောင်စီက လေကြောင်းမှ စီးနင်းတိုက်ခိုက်ရာ ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” Mi- 35တစ်စီးနဲ့ Mi -17 နှစ်စီး လူလာချတယ်။ ဒါကို ကျွန်တော်မျက်မြင်တွေ့တယ်။ နောက်ထပ်နှစ်စီးထပ်လာတယ်။ စခန်းက ရဲဘော်တွေအားလုံးလွတ်တယ်။ အရပ်သားတွေကိုလည်း PDF အဖွဲ့တွေက ကယ်ထုတ်နေပြီး အထိအခိုက်မရှိဘူး”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် Mi-35 ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi -17 ဖြင့် လူအင်အားတိုးချကာ မြေပြင်တွင် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့လည်အထိ‌တော့ ကိုယ့်ဘက်ရော၊ ပြည်သူတွေရော အထိအခိုက်မရှိဘူး။စစ်ကောင်စီက မြေပြင်မှာ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ ‌စောင့်ကြည့်‌နေတယ်”ဟု ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၂၅ရက်ကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို ယခုပုံစံအတိုင်း စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးပြီး ဒေသခံ ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။