Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် ပန်းရွာရှိ PDFစခန်းတစ်ခုကို ယနေ့ စစ်ကောင်စီက လေကြောင်းမှစီးနင်းတိုက်ခိုက်

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪️ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုကို ယနေ့ နံနက် စစ်ကောင်စီက လေကြောင်းမှ စီးနင်းတိုက်ခိုက်ရာ ဒေသခံများနှင့် ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပန်းရွာမှ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ယ‌နေ့(ဧပြီလ၅ရက်) နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ပြီး အင်အားအများအပြား ချသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” Mi- 35တစ်စီးနဲ့ Mi -17 နှစ်စီး လူလာချတယ်။ ဒါကို ကျွန်တော်မျက်မြင်တွေ့တယ်။ နောက်ထပ်နှစ်စီးထပ်လာတယ်။ စခန်းက ရဲဘော်တွေအားလုံးလွတ်တယ်။ အရပ်သားတွေကိုလည်း PDF အဖွဲ့တွေက ကယ်ထုတ်နေပြီး အထိအခိုက်မရှိဘူး” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် Mi-35 ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi -17 ဖြင့် လူအင်အားတိုးချကာ မြေပြင်တွင် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့လည်အထိ‌တော့ ကိုယ့်ဘက်ရော၊ ပြည်သူတွေရော အထိအခိုက်မရှိဘူး။စစ်ကောင်စီက မြေပြင်မှာ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ ‌စောင့်ကြည့်‌နေတယ်” ဟု ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၂၅ရက်ကလည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို ယခုပုံစံအတိုင်း စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံးပြီး ဒေသခံ ခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...