Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေးဦးထပ်မံသေဆုံး

စစ်ကောင်စီခြေကုတ်ယူထားသော ဇီးဖြူကုန်းနှင့် အင်မထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်ပိတ်ဆို့ထား၍ စစ်ကောင်စီက ယခုကဲ့သို့ အင်အားအများအပြားသုံးကာ ရိက္ခာရှာဖွေနေခြင်းဟု ပုလဲဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ယမန်နေ့ကဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ထပ်မံသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေမဟာမိတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ကျေးရွာအချို့ကို စစ်ကြောင်းထိုးမွှေနှောက်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက ဧပြီလ ၃ရက် နံနက် ၁၁ နာရီ ၄၅မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ဒီနေ့က အင်မထီးနဲ့ မင်းတိုင်ပင်ကြားမှာ စောင့် ပစ်တာ။ ပျူနဲ့စစ်‌ကောင်စီက မင်းတိုင်ပင်ရွာကို ဝင်မွှေပြီး လှည်းတွေနဲ့ ပြန်ထွက်သွားချိန် နောက်မှာကျန်ခဲ့တဲ့ နောက်ချန်အဖွဲ့ကို ဝိုင်းတိုက်တာ။ မီတာ ၁၀၀လောက်ကနေ ကပ်ပစ်ကြတာ။ လေးယောက်သေတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၈)၊ တပ်ရင်း(၆)၊ တပ်ရင်း(၁၂)၊ ABSDF နှင့်PRA အပြင် ဒေသခံပြည်သူ့ကာကွယ်တပ်များ ပူးပေါင်းတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်နေချိန် စစ်ကောင်စီစစ်ကြောင်း ထပ်မံစစ်ကူလိုက်လာကြောင်းသတင်းရ၍ လက်နက်မယူနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

” အလောင်းမရဘူး။လက်နက်မရဘူး။ နောက်ကနေ တရစပ်လိုက်ပစ်ဖို့ ဆုတ်ခွာခဲ့တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပုလဲမြို့နယ်မှ နာမည်ကြီး ပျုရွာဖြစ်သော ဇီးဖြူကုန်းနှင့် အင်မထီးကျေးရွာတွင် ရိက္ခာပြတ်နေ၍ အနီးပတ်ဝန်းကျင်ရှိကျေးရွာများအား မတ်လ ၃၀ရက်မှစကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်မွှေနှောက်နေခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ဧပြီ ၂ရက်က နှောကန်ကျေးရွာအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးမင်းမြတ်သူနှင့် တပ်ဖွဲ့ဝင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် G3 သေနတ် နှစ်လက်၊ ဖုန်း သုံးလုံးနှင့်အိုင်ကွန်တစ်လုံးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းယူခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ထို့ကြောင့် ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီခြေကုတ်ယူထားသော ဇီးဖြူကုန်းနှင့် အင်မထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်ပိတ်ဆို့ထား၍ စစ်ကောင်စီက ယခုကဲ့သို့ အင်အားအများအပြားသုံးကာ ရိက္ခာရှာဖွေနေခြင်းဟု ပုလဲဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်က အင်မထီးပျုရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။