Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံတစ်ဝန်းပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာဟု ကုလထုတ်ပြန်

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲဲ့ OCHA က ဖော်ပြပါတယ်။

(စစ်​ကောင်စီတပ်ရန်​ကြောက်၍ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော စစ်ကိုင်း၊ မ​ကွေး၊ကရင်နီ ​ဒေသမှစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ- CJ၊PS)
(စစ်​ကောင်စီတပ်ရန်​ကြောက်၍ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော စစ်ကိုင်း၊ မ​ကွေး၊ကရင်နီ ​ဒေသမှစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ- CJ၊PS)

ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီလိို့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၇ ရက်အထိ ကုလသမဂ္ဂကောက်ခံရရှိတဲ့ စာရင်းတွေကို ပြုစုထုတ်ပြန်လိိုက်တာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းနဲ့နှိုင်းယှဥ်ရင် တစ်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကျော်မြင့်တက်လာတာလည်းဖြစ်ပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ OCHA က ဖော်ပြပါတယ်။

အစီရင်ခံနေစဥ်ကာလအတွင်းမှာ ပြည်နယ်နဲ့တိုင်းအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ OCHA က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စစ်တပ်(ထုတ်ပြန်ချက်တွင် တပ််မတတော်ဟုသုံးနှုန်း)စစ်ကြောင်းထိုးတာတွေနဲ့ အရပ်သားဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ဒါကြောင့် ရွှေကူမြို့နယ်တွင်း ကျေးရွာအများအပြားက အရပ်သား ၁,၃၀၀ ကျော်ဟာ, မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း (၁၀)ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်လျက်ရှိပြီး သူတို့ဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းတွေလိုအပ်လျက်ရှိကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဖြစ်ပေါ်လာတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

Public Service Announcement
Public Service Announcement

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တွန်းလှန်မှုအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ အပြင် ကျန်ပြည်နယ်၊ တိုင်းတွေမှာ စစ်တပ်က မီးရှို့တာ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက််မှုတွေ ပိုမို တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က NUG ၊ PDF နဲ့ PDF ကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းနှိမ်နင်းမယ်လို့ ပြောဆိုအပြီး စစ်တပ်က အကြမ်းဖက်မှုနဲ့ အင်အားအလွန်အကျွံသုံးတိုက်ခိိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာတာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ OCHA ရဲဲ့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ကိန်းဂဏန်းမှာ မြေပြင်အချက်အလက်ထက် များစွာလျော့နည်းနေတယ်လို့ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ် တို့ရှိ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ထောက်ပြကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။