Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပျဉ်းတော်ဦးရွာမှစစ်တပ်ပြန်ဆုတ်ရာတွင် PDFတစ်ဦးအပါအဝင်ရုပ်အလောင်း သုံး​လောင်း​တွေ့

စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့် ကလေးမြို့မြောက်ပိုင်းရှိကျေးရွာ၂၀ကျော်မှ ပြည်သူသုံးသောင်းကျော်မှ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)

▪︎စစ်သားအ​လောင်းများကိုလည်းတာယာပုံ၍မီးရှို့ခဲ့ပြီစစ်တပ်၏ခဲယမ်းအချို့သိမ်းဆည်းရရှိ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် ကလေးမြို့နယ်​မြောက်ပိုင်းရှိ ပျဉ်တောဦးရွာတွင်စစ်တပ်ဆုတ်ခွာသွားပြီး​နောက် ​ဒေသခံကာကွယ်​ရေးတပ်များကရှင်းလင်း​ရေးပြုလုပ်ရာ စစ်တပ်ကသတ်ခဲ့​သော ရုပ်အလောင်းသုံးလောင်းတွေ့ခဲ့ရကြောင်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံကပြောသည်။

စစ်တပ်၊ပျူ​စောထီးပူးစစ်​ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားမတ်လ ၃၀ရက်မှ ဧပြီ ၅ရက်အထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ဧပြီ ၆ရက်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။စစ်တပ်ကဝင်ရောက်ခဲ့သည့် ပျဉ်းတော်ဦးရွာကို ယနေ့(ဧပြီ ၆ ရက်) မနက်က ဒေသခံကာကွယ်ရေးတပ်များကနယ်မြေရှင်းလင်းရေးဝင်ရောက်ရာတွင် ရုပ်အလောင်း ၃ ​လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)

“နယ်မြေရှင်းလင်းရေးလုပ်တာ ပျဉ်းတောဦးမှ အလောင်း ၃လောင်းတွေ့တယ်။ PDFတစ်လောင်းရယ်၊ဘယ်သူဘယ်ဝါမှန်းမသိတာရယ်”ဟု အထက်ပါတာဝန်ခံကပြောသည်။

ရုပ်အလောင်းများသည် ညှင်းပန်းနှိမ့်စက်ထား၍ မည်သူမည်ဝါခွဲခြား၍ မရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းစုရွာထိပ်တွင်မူ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကိုတာယာများဖြင့်ပုံ၍ မီးရှို့ထားခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံကဆက်​ပြောသည်။ ထိုအပြင် စစ်ကောင်စီတပ်ကျန်ခဲ့သည့် ၆၀ မမ ဗုံးသီးများကိုလည်း သိမ်းဆည်းရမိသည်ဟု ၎င်းကဆိုသည်။

“အိမ်တွေမှာလဲသူတို့ဖောက်ထားတာ အများကြီးဘဲ။ နောက်ပြီး သူတို့တွေ ဘုရားကျောင်းကို ဖောက်ပြီးဝင်တယ်၊ သွေးတွေကို သုတ်ထားတဲ့အဝတ်စုတ်တွေကိုမီးရှို့ကျတယ်။ ဘုရားကျောင်းကို ဆေးခန်းလုပ်ထားကြတယ်။” ဟုအဆိုပါတာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံကာကွယ်ရေးတပ်များကို ထိုးစစ်ဆင်ရန် ဧပြီ ၅ ရက်က ချင်းစုရွာသို့အင်အား ၁၀၀ခန့် ဖြင့် ရောက်ရှိခဲ့သည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား မတ် ၃၀ ရက်မှ ဧပြီ ၅ ရက်အထိ တပတ်ကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအလွန်အကျွံအသုံးပြုနေသော်လည်း ဒေသခံကာကွယ်ရေးတပ်များထိခိုက်မှု အနည်းငယ်သာရှိပြီး ​ဒေသခံကာကွယ်​ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်ကောင်စီတပ်သား ၂၅ ဦးကျော်သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့် ကလေးမြို့မြောက်ပိုင်းရှိကျေးရွာ၂၀ကျော်မှ ပြည်သူသုံးသောင်းကျော်မှ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။