Connect with us

Hi, what are you looking for?

သတင်း

ပျဉ်းတော်ဦးရွာမှစစ်တပ်ပြန်ဆုတ်ရာတွင် PDFတစ်ဦးအပါအဝင်ရုပ်အလောင်း သုံး​လောင်း​တွေ့

စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့် ကလေးမြို့မြောက်ပိုင်းရှိကျေးရွာ၂၀ကျော်မှ ပြည်သူသုံးသောင်းကျော်မှ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)

▪︎စစ်သားအ​လောင်းများကိုလည်းတာယာပုံ၍မီးရှို့ခဲ့ပြီစစ်တပ်၏ခဲယမ်းအချို့သိမ်းဆည်းရရှိ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် ကလေးမြို့နယ်​မြောက်ပိုင်းရှိ ပျဉ်တောဦးရွာတွင်စစ်တပ်ဆုတ်ခွာသွားပြီး​နောက် ​ဒေသခံကာကွယ်​ရေးတပ်များကရှင်းလင်း​ရေးပြုလုပ်ရာ စစ်တပ်ကသတ်ခဲ့​သော ရုပ်အလောင်းသုံးလောင်းတွေ့ခဲ့ရကြောင်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံကပြောသည်။

စစ်တပ်၊ပျူ​စောထီးပူးစစ်​ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားမတ်လ ၃၀ရက်မှ ဧပြီ ၅ရက်အထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ဧပြီ ၆ရက်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။စစ်တပ်ကဝင်ရောက်ခဲ့သည့် ပျဉ်းတော်ဦးရွာကို ယနေ့(ဧပြီ ၆ ရက်) မနက်က ဒေသခံကာကွယ်ရေးတပ်များကနယ်မြေရှင်းလင်းရေးဝင်ရောက်ရာတွင် ရုပ်အလောင်း ၃ ​လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းအချို့နှင့်စစ်တပ်အသုံးအ​ဆောင်အချို့ ။ဓါတ်ပုံ-KNDF)

“နယ်မြေရှင်းလင်းရေးလုပ်တာ ပျဉ်းတောဦးမှ အလောင်း ၃လောင်းတွေ့တယ်။ PDFတစ်လောင်းရယ်၊ဘယ်သူဘယ်ဝါမှန်းမသိတာရယ်”ဟု အထက်ပါတာဝန်ခံကပြောသည်။

ရုပ်အလောင်းများသည် ညှင်းပန်းနှိမ့်စက်ထား၍ မည်သူမည်ဝါခွဲခြား၍ မရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းစုရွာထိပ်တွင်မူ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကိုတာယာများဖြင့်ပုံ၍ မီးရှို့ထားခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံကဆက်​ပြောသည်။ ထိုအပြင် စစ်ကောင်စီတပ်ကျန်ခဲ့သည့် ၆၀ မမ ဗုံးသီးများကိုလည်း သိမ်းဆည်းရမိသည်ဟု ၎င်းကဆိုသည်။

“အိမ်တွေမှာလဲသူတို့ဖောက်ထားတာ အများကြီးဘဲ။ နောက်ပြီး သူတို့တွေ ဘုရားကျောင်းကို ဖောက်ပြီးဝင်တယ်၊ သွေးတွေကို သုတ်ထားတဲ့အဝတ်စုတ်တွေကိုမီးရှို့ကျတယ်။ ဘုရားကျောင်းကို ဆေးခန်းလုပ်ထားကြတယ်။” ဟုအဆိုပါတာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံကာကွယ်ရေးတပ်များကို ထိုးစစ်ဆင်ရန် ဧပြီ ၅ ရက်က ချင်းစုရွာသို့အင်အား ၁၀၀ခန့် ဖြင့် ရောက်ရှိခဲ့သည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား မတ် ၃၀ ရက်မှ ဧပြီ ၅ ရက်အထိ တပတ်ကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအလွန်အကျွံအသုံးပြုနေသော်လည်း ဒေသခံကာကွယ်ရေးတပ်များထိခိုက်မှု အနည်းငယ်သာရှိပြီး ​ဒေသခံကာကွယ်​ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်ကောင်စီတပ်သား ၂၅ ဦးကျော်သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့် ကလေးမြို့မြောက်ပိုင်းရှိကျေးရွာ၂၀ကျော်မှ ပြည်သူသုံးသောင်းကျော်မှ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။