Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံဥက္ကဋ္ဌ ပြင်းထန်စွာရှုတ်ချ

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်ချမ်းရေးအတွက် အဖြေရှာဖို့ အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အခြေအနေကောင်းတွေ ဖန်တီးလုပ်ဆောင်ရေးက တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဖော်ပြပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)
(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)

အရပ်သားတွေ သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီရှားက ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံမှုအပြီး ၂ ရက်အကြာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားက အာဆီယံအနေနဲ့ မကြာသေးမီက မြန်မာနိုင်ငံမှ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လာတာပါ။

“အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရပါမယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် အင်အားအသုံးပြုနေတာတွေကိုပါ” လို့ ဒီနေ့ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီကြေညာချက်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီချက်ဖြစ်တယ်ဆိုတာကိုတော့ ညွှန်းဆိုမထားပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်ချမ်းရေးအတွက် အဖြေရှာဖို့ အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အခြေအနေကောင်းတွေ ဖန်တီးလုပ်ဆောင်ရေးက တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဖော်ပြပါတယ်။

ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက မြန််မြန်ဆန်ဆန် ပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ပါတယ်။

ကိုးကား – TRT World

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook