Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာကျဆုံးပြည်သူများအတွက် မနက်ဖြန် မီးပိတ်သပိတ်ဆင်နွှဲရန် တိုက်တွန်း

အဆိုပါ မီးပိတ်တိတ်ဆိတ်မှုနှင့် အကျယ်လောင်ဆုံးတုန့်ပြန်မှု (Blackout Strike) ကို ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီမှစတင်ပြီး ၅ မိနစ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ပဇီကြီးရွာကျဆုံးပြည်သူများအတွက် မနက်ဖြန် မီးပိတ်သပိတ်ဆင်နွှဲရန် တိုက်တွန်း
ပဇီကြီးရွာကျဆုံးပြည်သူများအတွက် မနက်ဖြန် မီးပိတ်သပိတ်ဆင်နွှဲရန် တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကျဆုံးခဲ့သော အရပ်သားပြည်သူ ၁၆၈ဦး၏ ရက်လည်ဖြစ်သည့် မနက်ဖြန် နှစ်ဆန်းတစ်ရက်တွင် တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်သည်။

အဆိုပါ မီးပိတ်တိတ်ဆိတ်မှုနှင့် အကျယ်လောင်ဆုံးတုန့်ပြန်မှု (Blackout Strike) ကို ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီမှစတင်ပြီး ၅ မိနစ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် ပဇီကြီးကျေးရွာမှ အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကို ဖော်ပြခြင်းအနေဖြင့် နေအိမ်တွင် ဖြစ်စေ၊ မိမိရောက်နေသော နေရာ၊အရပ်တွင်ဖြစ်စေ ည ၈ နာရီ၌ ၅မိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်သည်။

Public Service Announcement
Public Service Announcement

“ဒီနှစ်မကူးခင်မှာ အာဏာရူးတွေလက်ချက်နဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားရတဲ့အပြစ်မဲ့ပြည်သူ ၁၇၀ကျော်အတွက် ငိုကြွေးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ တိတ်တဆိတ် ငိုကြွေးသံတွေဟာ ရင်နဲ့အပြည့် မြည်ဟိန်းလို့ နေပါပြီ။ ငိုညဉ်းသံတွေကို ငြိမ်သက်စွာ အာရုံစိုက်နားထောင်ဖို့ အမှောင်ထုထဲမှာ ခဏလောက်အတူတူ ငြိမ်သက်ဆုတောင်းကြရအောင် Blackout Strike ကို လုပ်ဆောင်တာပါ”ဟု တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် “မီးလာသည်ဖြစ်စေ၊ မီးမလာသည်ဖြစ်စေ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းနေရာတိုင်းမှာ ၅မိနစ်တိတိမီးပိတ်ပြီး အတူတကွ ငြိမ်သက်စွာဆုတောင်းကြပါမယ်။ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ပြည်သူအားလုံး နှစ်ဆန်းတစ်ရက်နေ့ရဲ့ ဒီ Blackout Strike မှာ ပါဝင်ပေးကြပါ”ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ထို့အပြင် မြန်မာနှစ်သစ်ကူးနေ့ (နှစ်ဆန်းတစ်ရက်နေ့)တွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့မှ ပြုလုပ်သည့်ကောင်းမှု ကုသိုလ်များနှင့် ဆုတောင်းမှုများသည်လည်း ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှရပ်တည်ကြောင်း ပြသကြရန် GSCBက နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။