Connect with us

Hi, what are you looking for?

သတင်း

ဆိုလာတပ်ထားသူတွေထံကနေ ဓာတ်အားဝယ်မယ်လို့ စစ်ကောင်စီကြေညာ

ယခင်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ နေပြည်တော်မှာတောင် စစ်ရုံးချုပ်ရှိရာ ဇေယျသီရိမြို့နယ် ကလွဲပြီး ကျန်မြို့နယ်တွေမှာ အလှည့်ကျ မီးပြတ်နေတယ်လို့ စုံစမ်းသိရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီဟာ ရန်ကုန်မြို့မှာ တနိုင်တပိုင် ဆိုလာတပ်ထားသူတွေထံက ပိုလျှံတဲ့ ဓာတ်အားကို ဝယ်ယူမယ်လို့ ကြေညာလာပါတယ်။

ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေ ၊ ဟိုတယ်တွေ၊ နေအိမ်တွေ ၊စက်ရုံ၊အလုပ်ရုံ ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ အသေးစား ဆိုလာစနစ်ကနေ ထွက်လာတဲ့ ဓာတ်အားကို ဝယ်ယူမှာလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)က ဒီနေ့ညနေပိုင်းမှာ အသိပေးလာတာပါ။

ဝယ်ယူမယ့်နှုန်းထားကတော့ ၁၀၀ ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ် အထိ ၈၅ ကျပ်နှုန်း နဲ့ ၁ မဂ္ဂါဝပ်ကနေ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်နှုန်းဝယ်မယ်လို့လည်း ကြေညာထားတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လပိုင်းအကြာမှာ လျှပ်စစ်ကားတွေ ၊လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်လို့မကြာခဏ ဆိုသလို အစည်းအဝေးတွေမှာကြွေးကြော်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် မြေပြင်မှာတော့ ပြည်တွင်းမှာ လျှပ်စစ်မီး ရရှိမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ယခင်စစ်အစိုးရ လက်ထက်က အခြေအနေကိုပြန်ရောက်သွားတာတွေ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ယခင်စစ်အစိုးရ လက်ထက်ကလိုမြို့နယ်အလိုက် အုပ်စုခွဲပြီး အလှည့်ကျ မီးပေးရတဲ့အခြေအနေဖြစ်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်မှာ တစ်နေ့ ကို ၂ နာရီသာ မီးရတဲ့အခြေအနေထိဆိုးရွားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။

ယခင်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ နေပြည်တော်မှာတောင် စစ်ရုံးချုပ်ရှိရာ ဇေယျသီရိမြို့နယ် ကလွဲပြီး ကျန်မြို့နယ်တွေမှာ အလှည့်ကျ မီးပြတ်နေတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။