Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − စစ်ကိုင်းသွား ကားလမ်းမှာ ကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံး

ပေါက်ကွဲမှုဖြစ်တဲ့ ကားဟာ နံပါတ် 5C-6080 ဖြစ်ပြီး Isuzu အမျိုးအစား ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

မန္တလေး − စစ်ကိုင်းသွား ကားလမ်းမှာ ကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံး
မန္တလေး − စစ်ကိုင်းသွား ကားလမ်းမှာ ကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံး

မန္တလေးတိုင်းထဲက မန္တလေး-စစ်ကိုင်းသွား ကမ်းနားလမ်းပေါ် ဇီဝိတဒါနသံဃာ့ဆေးရုံအနီးမှာ ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီခွဲဝန်းကျင်က ကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံးသွားတယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ကားဟာ နံပါတ် 5C-6080 ဖြစ်ပြီး Isuzu အမျိုးအစား ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

Public Service Announcement
Public Service Announcement

ဓာတ်ပုံမှတ်တမ်းတွေအရ ပေါက်ကွဲမှုဖြစ်တဲ့ကားဟာ တစစီ ပွင့်ထွက်သွားတာတွေ့ရပါတယ်။

“တစ်စီးလုံးရစရာမရှိဖြစ်သွားတယ်” လို့ အခင်းဖြစ်နေရာကနေပြန်လာခဲ့သူမန္တလေးမြို့ခံတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ရဲသတင်းဖော်ပြချက်အရ ပေါက်ကွဲမှုဖြစ်ချိန် ဖြတ်သန်းသွားတဲ့ အခြား ကားတစ်စီးလည်းထိခိုက်ပျက်စီးပြီး အဲဒီကားပေါ်က ယာဉ်မောင်းဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ဒါအပြင် မိုင်းသယ်လာချိန် ပေါက်ကွဲမှုဖြစ်တာလို့ စစ်အုပ်စုဘက်က ဆိုထားပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။