Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းမှာ သွေးသောက်အဖွဲ့ လက်ချက်နဲ့ ၂ ပတ်အတွင်း အရပ်သား ၈ ဦးသေဆုံး

ဧပြီလ ၂ ရက်က မန္တလေး၊ချမ်းမြသာစည်မြို့နယ်အတွင်း သတ်ဖြတ်ခံထားရတဲ့အမျိုးသားအလောင်း ကိုတွေ့ရစဉ်

မန္တလေးတိုင်းမှာ သွေးသောက်အဖွဲ့ လက်ချက်နဲ့ ၂ ပတ်အတွင်း အရပ်သား ၈ ဦးသေဆုံး
မန္တလေးတိုင်းမှာ သွေးသောက်အဖွဲ့ လက်ချက်နဲ့ ၂ ပတ်အတွင်း အရပ်သား ၈ ဦးသေဆုံး

မန္တလေးတိုင်းထဲမှာ ၂ ပတ်တာအတွင်း သွေးသောက်အဖွဲ့ အမည်ခံတဲ့ လူသတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

အသတ်ခံရသူတွေရဲ့အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ ကတ်ပြားတွေကိုလည်း ချိတ်ဆွဲသွားတာကို ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။

အသတ်ခံရသူတွေဟာ မန္တလေးမြို့ပေါ် မြို့နယ်တွေက ၄ ဦးနဲ့ မန္တလေးတိုင်း ၊မတ္တရာနယ်ထဲက ၄ ဦးဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူ ၈ ဦးလုံးအမျိုးသားတွေဖြစ်ကာမတ်လ ၂၂ ရက်ကနေ ဧပြီလ ၃ ရက်အတွင်းသတ်ဖြတ်ခံရတာပါ။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ပေါ်မှာ သတ်ဖြတ်ခံရသူ ၄ ဦးဟာ ချမ်းမြသာစည်မြို့နယ်ထဲမှာ ၃ ဦးနဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ၁ ဦးဖြစ်တာကိုစုံစမ်းသိရပါတယ်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုကိုထောက်ခံတဲ့ လော်ဘီဖေ့ဘွတ်ခ်စာမျက်နှာတွေက မန္တလေးမြို့ပေါ်မှာ သတ်ဖြတ်ခံရသူ ၄ ဦးဟာNLD ထောက်ခံသူတွေဖြစ်တယ်လို့ ဆိုထားကြပါတယ်။

မန္တလေးမြို့ပေါ်မှာ သွေးသောက်အဖွဲ့အမည်ခံပြီး လူသတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်က စတင်ပြီးပေါ်ထွက်လာခဲ့တာပါ။

သတ်ဖြတ်ခံရသူတွေဟာလည်း NLD ပါတီဝင်တွေ ၊ NLD ပါတီကိုထောက်ခံသူတွေဖြစ်ပြီး အဲဒီသွေးသောက်အဖွဲ့ကို စစ်တပ်က ကျောထောက်နောက်ခံပေးထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဧပြီလ ၂ ရက်က မန္တလေး၊ချမ်းမြသာစည်မြို့နယ်အတွင်း သတ်ဖြတ်ခံထားရတဲ့အမျိုးသားအလောင်း ကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။