Connect with us

Hi, what are you looking for?

News

ပင်လည်ဘူးတွင် PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးသူများပြား

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် သေဆုံးမှုများပြားပြီး ၊ အထိနာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၇ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု ဆုတ်ခွာသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ထိခိုက်သေဆုံးသူများပြားခဲ့​ကြောင်းစစ်ကိုင်းတိုင်းဒေသခံ တစ်ဦးက ပြောသည်။

ကချင်ဒေသအခြေစိုက် သတင်းဌာန The 74 Media ကလည်း ပင်လည်ဘူးမြို့နယ် မူးမြစ်တံတားပေါ် တွင် စက်တင်ဘာ ၂၂ရက်ညနေပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားပြီး စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းများကို PDFတပ်ဖွဲ့ဝင်များက သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် သေဆုံးမှုများပြားပြီး ၊ အထိနာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၇ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု ဆုတ်ခွာသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီမှာမှ ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီးခေါ်သွားတာ။ ၇ ယောက်မှာ တစ်ယောက်ကို ကြိုးတုပ်ပြီးမှ ပစ်သတ်တာတဲ့။ PDFက မဟုတ်ဘူး အရပ်သားတွေကို ခေါ်သွားတာ။ ဒါက ပြည်သူအပေါ်မှာ မညှာတာ။ သူတို့ မညှာတာခဲ့တာက ဖြစ်ရပ်ပေါင်းများစွာမှာ အများကြီး မညှာတာခဲ့တာပါပဲ။ အခုဟာလည်း သူတို့ တကယ်အကြပ်အတည်းဖြစ်တဲ့အခါမှာ ပြည်သူကို လူသားတံတိုင်းလုပ်ပြီး ခေါ်သွားတာ” ဟု ၎င်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူး၊ ကောလင်း နှင့် ဝန်သို PDF များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်းဖော်ပြမှုများ ရှိသော်လည်း People’s Spring အ​နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိ​သေးပါ။

စက်တင်ဘာ ၂၀ရက်ကလည်း ကောလင်းမှ ပင်လည်ဘူးဘက်သို့ တောလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီ အင်အား ၃၀ ခန့်ကို ပင်လည်ဘူး PDF က တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်းဖော်ပြချက်၌ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ -The 74 media

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။