Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့ရှိ စစ်ကောင်စီထောက်ပို့လမ်းမှတံတားတစ်စင်းကိုတော်လှန်ရေးအင်အားစုများမိုင်းခွဲဖြတ်တောက်

ရေကြည်ချောင်းတံတားကို ဧပြီလ ၃၀ရက်ည ၁၂ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)
(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)

ပဲခူးတိုင်းအတွင်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ ရေကြည်ချောင်းတံတားကို ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ တော်လှန်ရေးပူးပေါင်းအင်အားစုများကမိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ရေကြည်ချောင်းတံတားကို ဧပြီလ ၃၀ရက်ည ၁၂ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)
(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)

ည ၁၂ နာရီခန့်တွင် အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြားရပြီး နာရီဝက်ခန့်အကြာတွင် တံတားကျိုးသွားခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

ရေကြည်ချောင်းတံတားသည် RC တံတားအမျိုးအစားဖြစ်ပြီး အကျယ် ၂၄ ပေ၊အရှည် ၁၂၅ ပေနှင့် ရှိသည်ဟု သိရသည်။ တံတားနှင့် ပေ၅၀ခန့်အကွာတွင်ရထားလမ်းနှင့် လမ်းလွှဲရှိသောကြောင့် လတ်တလော၌ ဆိုင်ကယ်များသွား၍ရကြောင်း ဒေသခံများကပြောသည်။” တံတားကတော့ တော်တော်ကို ပျက်စီးသွားတာ။ဒီအခြေအနေကို လူထုက လက်ခံပြီးသားပါ။ တော်လှန်ရေးအောင်ပြီးတာနဲ့ ကိုယ့်တိုင်းပြည်ကိုယ် ပြန်တည်ဆောက်ကြမယ်” ဟု ညောင်လေးပင်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)
(​မိုင်းခွဲ​ဖောက်ခွဲပြီး​​နောက် ​ရေကြည်​ချောင်းတံတားကို​တွေ့ရမှု ။ဓါတ်ပုံ-​ညောင်​​​လေးပင် PDF)

စစ်​တောင်းမြစ်အ​ရှေ့ခြမ်း​ဒေသများတွင် ယခု​နောက်ပိုင်းအာဏာသိမ်းစစ်​ကောင်စီတပ်ကို ခုခံ​တော်လှန်တိုက်ပွဲများပိုမိုအရှိန်မြင့်လာ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။