Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်(၁၀)ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)
(PDF တပ်ရင်း ၃၇၀၂ မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDF)

▪︎စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်၍ ပြည်သူသုံးဦး အပြင်းအထန်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ပြောကြားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မနက် ၅ နာရီလောက်မှာ PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာမှာနှစ်ဖက်ထိခိုက်မှုရှိပါတယ်။PDFဖက်က တပ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ စကစဖက်က ၁၀ ယောက်ကျော်ကျမယ်လို့ ခန့်မှန်းပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါ ညောင်လေးပင်မြို့နယ်တွင်း ထိတွေ့တိုက်ပွဲနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ​ဖေ​ဖောဝါရီ ၂၁ ရက်ညတွင်စစ်ရေးသတင်းအကျဥ်းချုပ်ထုတ်ပြန်ရာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီး ၂ နာရီခန့်အကြာ ယမန်နေ့နံနက် ၇ နာရီခန့်တွင် ရွှေကျင်ဘက်မှနေ၍ ကားနှစ်စီးဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်က အင်းဝိုင်းကြီးနှင့် ပုဇွန်မြောင်ရွာကြားတွင်ခေတ္တအထိုင်ချပြီး ကွင်းဒလကြီး၊ သက္ကယ်ကုန်း၊ မှော်ဗျား၊ အင်းဝိုင်ကြီး၊ ကွင်းဒလလေး၊ ထောင်လောင်စသည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက​ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အင်းဝိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိခိုက်ပျက်ဆီးသွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ထောင်လောင်ကျေးရွှာမှ အမျိုးသမီးတစ်ဦးကျောကုန်းဒဏ်ရာပြင်းထန်၊ အမျိုးသားတစ်ဉီးခြေထောက်တစ်ဖက်စတီးရိုးထည့်ထားရ၊ အမျိုးသားတစ်ဉီးလက်မောင်းထိ ခိုက်မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့ပါတယ်။ ခုလက်ရှိသုံးယောက်စလုံး ပဲခူးဆေးရုံတက်ရောက်ကုသနေရပါတယ်။ သုံးဦးသေတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ညောင်လေးပင်မြို့နယ်မှ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကျေးရွာများဖြစ်သော ညောင်ပင်ကြီး၊ အင်းဝိုင်းကြီး၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ ပုဇွန်မြောင် စသည့်ကျေး ရွာများမှ ဒေသခံပြည်သူအချို့ ဘေးလွတ်ရာရှောင်နေသူများရှိသလို ကျေးရွာများအတွင်း ကျန်ရှိနေသူများမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေကြကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။