Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့မရဲစခန်း၊ လဝကရုံးနှင့် စစ်မှုထမ်း ဟောင်းရုံးအပါဝင် လေးနေရာကို PDFပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးလည်းဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ၏ အမှတ် (၄၃၀)တပ်ရင်းမှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)

▪️စစ်ကောင်စီတပ် ခုနစ်ဦးသေပြီး ၁၃ဦးခန့်ဒဏ်ရာရ၊ PDF ရဲဘော်နှစ်ဦးကျဆုံး

ကယားပြည်နယ်(ကရင်နီ) ဘောလခဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာလေးနေရာကို ပူးပေါင်းတပ် ဖွဲ့များနှင့်အတူ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(BPDF) အမှတ် – ၁၁၀၅ တပ်ရင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

စီးနင်းတိုက်ခိုက်ခဲ့သည့် မြို့ပေါ် နေရာလေးခုမှာ ဘေလခဲမြို့မရဲစခန်း၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)ရုံး၊ စစ်မှုထမ်း‌ဟောင်းရုံးနှင့် ရုပ်သံလွှင့်သည့်နေရာတို့ကို BPDF တပ်ရင်း – ၁၁၀၅၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာ စစ်ကြောင်းမှ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – BPDF)

စီးနင်းတိုက်ခိုက်မှုကို မေလ ၁ ရက်နံနက် ၄ နာရီ ၅၀ မိနစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အပြန် အလှန်ပစ်ခတ်မှု ၂နာရီကျော်ကြာမြင့်ခဲ့ကြောင်း အမှတ် – ၁၁၀၅ တပ်ရင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

Public Service Announcement
Public Service Announcement

စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးလည်းဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ၏ အမှတ် (၄၃၀)တပ်ရင်းမှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – BPDF)

ထိုသို့ စီးနင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီဖက်မှ ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဖက်မှ သေဆုံးအလောင်းများနှင့် ဒဏ်ရာရလူများအားပြန်လည်ဆွဲယူသွားခဲ့ပြီး မေလ၂ ရက်တွင် ဒဏ်ရာရလူနာများအား ရဟတ်ယာဉ်ဖြင့်လာ‌ရောက် ခေါ် ယူသွားခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီထံမှ G4 တစ်လက်၊ AK 22 တစ်လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊လက်ပစ်ဗုံး တစ်လုံးနှင့် ကျည်ဆံအချို့တို့အားသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘော်လခဲမြို့ စစ်ကောင်စီ​၏ နေရာလေးခုကို PDF ပူးပေါင်းတပ် စီးနင်းတိုက်ခိုက်နေစဉ်နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – BPDF)

“မြို့တွင်း နေရာအနှံဖြစ်တာကတော့ ပထမဦးဆုံး အကြိမ်ပါပဲဗျ။ ယခင်က မြို့အနီးဝန်းကျင်ကို ပစ်ခတ်မှုတွေတော့ ရှိခဲ့ပါတယ်”ဟု ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BPDF တပ်ရင်း – ၁၁၀၅ မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်တပ်အထိုင်ချနေရာများအား စီးနင်းတိုက်ခိုက်မှုတွင် ဘောလခဲပြည်သူ့ကာကွယ်‌‌ ရေးတပ်ဖွဲ့ (BPDF) အမှတ်-၁၁၀၅ တပ်ရင်း မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ