Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဒေသခံပြည်သူနှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်၍ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ​ကြောင်း Bawlakhe PDF က အသိပေး ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၃ ရက်) ညနေ ၄ နာရီ ခွဲခန့်တွင် ဘောလခဲခရိုင်အတွင်း ပြည်သူများ လုပ်ငန်းလုပ်ဆောင်နေသော နေရာတစ်ခုကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

ယခုလ ၁၆ ရက်က စစ်ကောင်စီတပ်အထိနာခဲ့သော ရေနီပေါက်ကျေးရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်စဉ်နှင့်ပက်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ထို့အပြင် စစ်ကောင်စီမှ ဘောလခဲမြို့အနီးရှိ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွားများအား လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ်နေသည်။

ထိုသို့ ပစ်ခတ်မှုများကြောင်း ကျေးရွာ နှစ်ရွာမှ နေအိမ် ၂၀ ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးထားသည်။

အဆိုပါ ကျေးရွာ နှစ်ရွာရှိ ဒေသခံပြည်သူများမှာ ဘေးလွှတ်ရာသို့ ရွာလုံးကျွတ်ထွက်‌ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်အခက်ခဲများနှင့် ကြုံတွေ့နေရသည်။

(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘောလခဲမြို့နယ် ရေနီပေါက်တံတားတိုက်ပွဲအပြီး ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးနေမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ရွာနှစ်ရွာက စစ်ရှောင်အရေအတွက်က လူဦးရေတစ်ထောင်လောက်ရှိနေတယ်။အခုက ဘယ်သူမှလည်း မပြန်ရဲကြသေးဘူး။လက်နက်ကြီးက တစ်နာရီ ခြားတခါလောက်ကိုပစ်နေတာ”ဟု ကရင်နီစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲဝင်တစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကရင်နီ ဒေသ၌ အရပ်သား ၄၁ဦးကို သတ်ဖြတ်ကာ ၁၄ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးကျူးလွန်ခဲ့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်