Connect with us

Hi, what are you looking for?

News

System Break Down ဖြစ်၍ တစ်နိုင်ငံလုံးမီးပြတ်

“တနိုင်ငံလုံးပြတ်တာပါ။ system break downဖြစ်သွားတာပါ။ ။ ပြန်ရဖို့ အနည်းဆုံးတစ်နာရီခွဲ လောက်ကြာပါ့မယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောသည်။

People's Spring
People's Spring

System Break Down ဖြစ်၍ ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်မြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးအချိန်အတိုင်းအတာအထိ လျှပ်စစ်မီးပြတ်တောက်နေကြောင်း လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ၂၄ ရက် နေ့လယ် ၁နာရီခွဲခန့်တွင် တစ်နိုင်ငံတွင် လျှပ်စစ်မီးတပြိုင်နက်ပြတ်တောက်သွားခြင်းဖြစ်ပြီး လျှပ်စစ်မီးပြန်လည် ချိတ်ယူရေးကြိုးစားနေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တနိုင်ငံလုံးပြတ်တာပါ။ system break downဖြစ်သွားတာပါ။ ။ ပြန်ရဖို့ အနည်းဆုံးတစ်နာရီခွဲ လောက်ကြာပါ့မယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်လျှပ်စစ်အားပေးရေးကော်ပိုရေးရှင်းကလည်း ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်ချို့ယွင်းမူဖြစ်ပေါ်နေ၍ လျှပ်စစ်မီးယာယီပြတ်တောက်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နေလယ် ၂နာရီကျော်တွင် ဓာတ်အားပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်ဟု ရန်ကုန်လျှပ်စစ်အားပေးရေးကော်ပိုရေး ရှင်းက ထပ်မံထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံး မီးပြတ်တဲ့အချိန် မီးစက်မောင်းပြီး အသုံးပြုရာက စပိန်မှာ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

News

ရန်ကုန်၊ မန္တလေး မြို့ကြီးအချို့တွင် လျှပ်စစ်ဓါတ်အားအား အချိန်ပိုင်းဖြင့်ပေးဝေနေပြီး နယ်ဒေသများတွင်မူ လျှပ်စစ်မီးပေးဝေမှု အဆမတန်နည်းပါးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။