Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာတောင်ညွှန့်မှာ မီးပြတ်ချိန် ချွေးထွက်လွန်ပြီး မိသားစုဝင် ၄ဦး မူးမေ့

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

ဓာတ်ပုံ − လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်)
ဓာတ်ပုံ − လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်)

ရန်ကုန်တိုင်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း တိုက်ခန်း မှာ မိသားစုဝင် ၄ ဦး မီးပြတ်ချိန် အပူချိန်မြင့်တက်ပြီး ချွေးထွက်လွန်ကာ သတိလစ်သွားလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနဆီပို့ဆောင်ပေးလိုက်ရတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မင်္ဂလာတောင်ညွှန့် မြို့နယ် ၊ကျီတော်ရပ်ကွက် ၊မဟာဘောဂလမ်းမှာ ဒီနေ့ မနက်အစောပိုင်း ၁ နာရီခွဲခန့်ကဖြစ်ပွားတာပါ။

၆၅ နှစ်အမျိုးသားကြီး ၊ အသက် ၄၀ အရွယ်အမျိုးသမီး ၊သက်လတ်ပိုင်း ၃၁ နှစ် အမျိုးသမီးနဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ်တို့ ကို ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးလိုက်ရတယ်လို့ လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့(ကျီတော်) က အသိပေးထားပါတယ်။

ဆေးရုံကြီးပို့ဆောင်ပေးလိုက်ရသူမိသားစုဝင်အားလုံးအခြေအနေကောင်းတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

တဖက်မှာလည်း မီးပြတ်တောက်မှုကိုလည်း မြို့ပြနေလူထုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံး မီးပြတ်တဲ့အချိန် မီးစက်မောင်းပြီး အသုံးပြုရာက စပိန်မှာ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။

သတင်း

မီးစတင်လောင်သည့် အခန်းတွင် မီးငြိမ်းသွားချိန်၌ မီးကူးစက်လောင်ခဲ့သည့် အခြားအခန်းတွင် မီးထပ်လောင်ခဲ့သောကြောင့် တိုက်ခန်းပေါ်တွင် နေထိုင်သူများက အရေးပေါ်ဆင်းခဲ့ရသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။