Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့မှာ လမ်းဘေးသေဆုံးနေတဲ့အမျိုးသား ၃ လောင်းတွေ့

သေဆုံးသူတွေ ဟာ အိမ်ခြေမဲ့သွားလာနေထိုင်သူတွေဖြစ်ကြပြီး မေလ ၁ ရက် ၊ ၂ ရက် နဲ့ ၄ ရက် နေ့တွေမှာ အလောင်းတွေကိုတွေ့ခဲ့ရတာပါ။

ပြင်ဦးလွင်မြို့မှာ လမ်းဘေးသေဆုံးနေတဲ့အမျိုးသား ၃ လောင်းတွေ့
ပြင်ဦးလွင်မြို့မှာ လမ်းဘေးသေဆုံးနေတဲ့အမျိုးသား ၃ လောင်းတွေ့

မန္တလေးတိုင်း ၊ပြင်ဦးလွင်မြို့မှာ မေလဆန်းပိုင်းအတွင်း လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား ၃ ဦးထိရှိနေပြီလို့ မြို့ခံ သန္တိသုခ လူမှုကူညီရေးအသင်းကနေစုံစမ်းသိရပါတယ်။

သေဆုံးသူတွေ ဟာ အိမ်ခြေမဲ့သွားလာနေထိုင်သူတွေဖြစ်ကြပြီး မေလ ၁ ရက် ၊ ၂ ရက် နဲ့ ၄ ရက် နေ့တွေမှာ အလောင်းတွေကိုတွေ့ခဲ့ရတာပါ။

အလောင်းတွေကိုသွားရောက်သယ်ယူခဲ့တဲ့ လူမှုကူညီရေးအသင်းသားတစ်ဦးရဲ့ပြောပြချက်အရ သေဆုံးသူတွေဟာ အစာအာဟာရပြတ်လပ်တဲ့ လက္ခဏာတွေ့ရတယ်လို့သိပါတယ်။

“ရာသီဥတုပူတာလည်းပါမယ် ၊ ဒဏ်မခံနိုင်ကြဘူး ၊ တချို့ဆို ပုတ်ပွနေမှတွေ့တာမျိုးလည်းရှိတယ်”လို့ မြို့ခံပရဟိတသမားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းတွေကိုတော့ ပြင်ဦးလွင်မြို့နယ်ထဲက နတ်ရေကန်ဘုရားနား ၊ ရွှေမြင်တင် ဘုရားအနီးနဲ့ နောင်ပိန်ကျေးရွာနဲ့ ကျောက်မဲလေးရွာကြား ချောင်းမှာတွေ့ရတာလို့ သိရပါတယ်။

ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းကနေပဲ သဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook