Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား

နေအိမ်တွေ ဖယ်ရှားဖို့ တရာဝင်စာထုတ်အသိပေးတာမျိုးမဟုတ်ဘဲ အစည်းအဝေးခေါ်ယူပြီး နှုတ်နဲ့သုံးကြိမ်အသိပေးခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား
ပြင်ဦးလွင်မြို့လယ်က အဆောက်အဦး ၆၀ ခန့် စစ်ကောင်စီဖယ်ရှား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်ခေါင်က နေအိမ်နဲ့ တိုက်တန်း အလုံး ၆၀ ဝန်းကျင် ဟာ လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး စစ်ကောင်စီက ဖယ်ရှားရှင်းလင်းနေပါတယ်။

ဖယ်ရှားခံရတဲ့ အဆောက်အဦးတွေဟာ ရပ်ကွက်ကြီး( ၃) ၊ပင်စည် လက်ဖက်ရည်ဆိုင်အနီးမှာရှိပါတယ်။

လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး ဒီနေ့ မတ်လ ၂၈ ရက် အပြီး ဖျက်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ အိမ်ဖယ်ခံရတဲ့ ကာယကံရှင်အချို့က ပြောပြပါတယ်။

ဒီလို ဖယ်ရှားခံရသူတွေထဲ နှစ် ၃၀ မြေဌားဂရန် ရှိသူတွေပါ ပါဝင်ကြတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

” အဖိုး၊ အဖွားတွေလက်ထပ်ကတည်းကဝယ်ထားတဲ့မြေနေရာပါ”လို့ နေအိမ်ဖယ်ရှားခံရသူအမျိုးသားတစ်ဦးကပြောပြပါတယ်။

နေအိမ်တွေ ဖယ်ရှားဖို့ တရာဝင်စာထုတ်အသိပေးတာမျိုးမဟုတ်ဘဲ အစည်းအဝေးခေါ်ယူပြီး နှုတ်နဲ့သုံးကြိမ်အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဖျက်ခံရတဲ့အဆောက်အဦးတွေမှာ ပင်စည်လက်ဖက်ရည်ဆိုင်တိုက်တန်း၊ ဖိုးလမင်းဆေးဆိုင်တိုက်တန်း၊ ရပ်ကွက်(၃)ရုံးနောက်ကတိုက်တန်းတွေပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်ဦးလွင် ဘောလုံးကွင်းဘေးက ဆိုင်ခန်းတွေလည်းဖယ်ရှားခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။