Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးသေဟု KNDF ထုတ်ပြန်

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၀) ဉီးသေဆုံး ကြောင်းအတည်ပြုနိုင်ခဲ့ပြီး ထိုထက်မကသော ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီလက် နက်ကိုင်ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးခဲ့ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ၂၅) ရက်တွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာဖက်သို့ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ််းဖက် စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၉နာရီခန့်မှ ည ၇နာရီအထိ တိုက်ပွဲပြင်းထန် ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၀) ဉီးသေဆုံး ကြောင်းအတည်ပြုနိုင်ခဲ့ပြီး ထိုထက်မကသော ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန်၊တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ဒီးမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းများမှလက်နက် ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကုန်းသာ ကျေးရွာနှင့် သေးဆူလဲကျေးရွာတွင် ဝင်ရောက် တပ်စွဲလျက်ရှိပြီး ထိုကျေးရွားများအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာသော အကြမ်း ဖက်စစ် ကောင်စီတပ်များကို ကရင်နီတပ်မ တော် (KA)၊ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ခုခံတိုက် ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook