Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆာဘီးယားမှာ တရားမဝင် လက်နက်တွေ အပ်နှံခွင့်ပြုလိုက်တဲ့နောက် ပခုံးထမ်း လောင်ချာတွေပါ လာအပ်နှံ

မကြာသေးခင် ရက်ပိုင်းက ဘဲလ်ဂရိတ် မြို့လယ်နဲ့ မြို့စွန်တွေမှာ အစုလိုက် ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားပြီး ကလေးအများအပြား အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ပစ်ခတ်မှု တစ်ခုဟာ စာသင်ကျောင်းထဲမှာ ဖြစ်ခဲ့တာကြောင့်လည်း ကလေးတွေ သေဆုံးမှု များပြားခဲ့တာပါ။

ဆာဘီးယားမှာ တရားမဝင် လက်နက်တွေ အပ်နှံခွင့်ပြုလိုက်တဲ့နောက် ပခုံးထမ်း လောင်ချာတွေပါ လာအပ်နှံ
ဆာဘီးယားမှာ တရားမဝင် လက်နက်တွေ အပ်နှံခွင့်ပြုလိုက်တဲ့နောက် ပခုံးထမ်း လောင်ချာတွေပါ လာအပ်နှံ

သတ်မှတ် ကာလအတွင်း လိုင်စင်မဲ့ လက်နက်တွေ လာရောက် အပ်နှံရင် အပြစ်ယူမှာ မဟုတ်ကြောင်း ဆာဘီးယား အစိုးရက ကြေညာခဲ့တဲ့နောက် ပခုံးထမ်း လောင်ချာတွေ အပါအဝင် စစ်လက်နက် ၁၃၅၀၀ လောက်ထိကို လက်ခံ ရရှိခဲ့ကြောင်း သိရပါတယ်။

မကြာသေးခင် ရက်ပိုင်းက ဘဲလ်ဂရိတ် မြို့လယ်နဲ့ မြို့စွန်တွေမှာ အစုလိုက် ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားပြီး ကလေးအများအပြား အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ပစ်ခတ်မှု တစ်ခုဟာ စာသင်ကျောင်းထဲမှာ ဖြစ်ခဲ့တာကြောင့်လည်း ကလေးတွေ သေဆုံးမှု များပြားခဲ့တာပါ။

အဲဒီ အခြေအနေဆိုးတွေ ကြုံပြီးချိန်မှာတော့ ဆာဘီးယား အစိုးရက ပြည်တွင်းမှာ ပျံ့နှံ့နေတဲ့ လိုင်စင်မဲ့ လက်နက်တွေ ကိစ္စကို ဖိဖိစီးစီး အရေးယူ ကိုင်တွယ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အရေးယူမှုတွေ မစခင် တစ်လတာအတွင်း စစ်လက်နက်တွေကို အာဏာပိုင်တွေဆီ အပ်နှံခွင့် ပေးထားပြီး အဲဒီအချိန်မှာ လာအပ်နှံရင် အရေးယူမှာ မဟုတ်ပါဘူး။

ဆာဘီးယားဟာ ယူဂိုဆလားဗီးယား ပြည်ထောင်စု ခေတ်တုန်းက စစ်ပွဲတွေကြောင့် ပြည်သူတွေ အများအပြားဆီမှာ စစ်လက်နက်တွေ ရောက်ရှိနေပြီး အများစုက လိုင်စင်မဲ့ ကိုင်ဆောင်နေတာပါ။ စစ်တမ်းတွေအရ ဆာဘီးယားဟာ ဥရောပတိုက်မှာ အရပ်သားတွေ လက်နက်ကိုင်ဆောင်မှု အချိုးအစား အမြင့်ဆုံး အဖြစ်လည်း ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်တွေ စတင်လက်ခံနေတာ ရက်ပိုင်းသာ ရှိသေးပေမယ့် အခုဆိုရင် စစ်လက်နက် ၁၃၅၀၀ လောက်ထိ လက်ခံ ရရှိထားပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အမျိုးအစားတွေ အနေနဲ့ ပစ္စတို သေနတ် အသေးစားတွေကစလို့ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ပခုံးထမ်း လောင်ချာတွေကနေ တင့်ကားဖျက် ဒုံးကျည်တွေထိ ပါဝင်ပါတယ်။

ဆာဘီးယား အစိုးရဟာ လိုင်စင်မဲ့ လက်နက်တွေကို သိမ်းဆည်းနေတဲ့အပြင် လိုင်စင်နဲ့ သေနတ် ကိုင်ဆောင်ထားသူတွေ၊ သေနတ်ပစ် လေ့ကျင့်တဲ့ နေရာတွေမှာပါ စည်းမျဉ်းတွေ ပိုတင်းကျပ်သွားမှာ ဖြစ်ပါတယ်။ မေလ ၃ ရက်က ဖြစ်ခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကို ကျူးလွန်သူ အသက် ၁၃ နှစ်သားဟာ ဖခင်ဖြစ်သူ တရားဝင် ကိုင်ဆောင်တဲ့ သေနတ်ကို ခိုးယူလာတာဖြစ်ပြီး သူမကျေနပ်တဲ့ ကျောင်းသူကျောင်းသားတွေကို လိုက်ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖခင်နဲ့အတူ သေနတ်ပစ်ကွင်းကို လိုက်သွားပြီး ကြိုတင် လေ့ကျင့် ပစ်ခတ်တာမျိုးတွေပါ လုပ်ခဲ့ပါသေးတယ်။

နောက်တစ်ရက်မှာတော့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက လမ်းပေါ်မှာ ကားမောင်းရင်း တွေ့ရာလူတွေကို ရမ်းသန်း ပစ်ခတ်ခဲ့ပြန်ပါတယ်။ အဲဒီ ဖြစ်စဉ် နှစ်ခုမှာ လူ ၁၇ ဦးသေပြီး ၂၁ ဦး ဒဏ်ရာ ရခဲ့တဲ့နောက် အစိုးရရဲ့ လက်နက်ကိုင်ဆောင်ခွင့် မူဝါဒတွေ လျော့ရဲတာကို မကျေမနပ် ဆန္ဒပြမှုတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်တွေ ထပ်မံသိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။