Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပစ်မှတ်စာရင်း ပြုစုပြီး ကျောင်းမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆာဘီးယား ဆယ်ကျော်သက်ကျောင်းသား

ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူ ကျောင်းသားရဲ့ နာမည်ဟာ ကိုစတာ ကိုမာနိုဗစ် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ကိုမာနိုဗစ်က ဘာကြောင့် အခုလို ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပစ်မှတ်စာရင်း ပြုစုပြီး ကျောင်းမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆာဘီးယား ဆယ်ကျော်သက်ကျောင်းသား
ပစ်မှတ်စာရင်း ပြုစုပြီး ကျောင်းမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆာဘီးယား ဆယ်ကျော်သက်ကျောင်းသား

ဆာဘီးယား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား လူငယ်ဟာ ဦးစားပေး အနေနဲ့ ပစ်သတ်မယ့် ကျောင်းသူကျောင်းသား စာရင်းကိုပါ ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။

ရဲတွေက ဘဲလ်ဂရိတ် မြို့တော်မှာရှိတဲ့ အထက်တန်းကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ယောက် ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ ဖခင်ဖြစ်သူ တရားဝင် ဝယ်ယူ ကိုင်ဆောင်ထားတဲ့ သေနတ် နှစ်လက်ကို ယူဆောင်သွားပြီး ကျောင်းသူကျောင်းသားတွေကို လိုက်လံ ပစ်သတ်ခဲ့တာပါ။

အခုအခါမှာတော့ ဘဲလ်ဂရိတ် ရဲတပ်ဖွဲ့ဟာ သေနတ်သမား ကျောင်းသားအပြင် သူ့မိဘနှစ်ဦးကိုပါ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ အခုပစ်ခတ်မှုမှာ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသူကျောင်းသား ၈ ဦးနဲ့ လုံခြုံရေး ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပြီး ဒဏ်ရာရသူ ၇ ဦးလောက်လည်း ရှိတယ်လို့ ဆိုပါတယ်။

ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူ ကျောင်းသားရဲ့ နာမည်ဟာ ကိုစတာ ကိုမာနိုဗစ် ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ကိုမာနိုဗစ်က ဘာကြောင့် အခုလို ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကိုမာနိုဗစ်ဟာ အခုလုပ်ရပ်ကို ကျူးလွန်ဖို့ လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက ကြိုတင် စီမံ ပြင်ဆင်ထားခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဖခင်ဖြစ်သူကို လှည့်စားပြောဆိုပြီး သေနတ်ပစ်ကွင်းဆီ အနည်းဆုံး တစ်ကြိမ်လောက် လိုက်သွားပြီး လေ့ကျင့်ထားခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ သူ့ကို ဖမ်းဆီးရရှိချိန်မှာ ဦးစားပေးအဆင့် သတ်မှတ်ပြီး ပစ်သတ်မယ့် ကျောင်းသူကျောင်းသား စာရင်းကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

ဆာဘီးယား နိုင်ငံမှာ အသက် ၁၄ နှစ်အောက် အရွယ်တွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခွင့် မရှိတာကြောင့် ကိုမာနိုဗစ်ကို စိတ်ကျန်းမာရေး စစ်ဆေးမှု ဌာနကိုသာ ပို့ဆောင်ရမယ်လို့ အစိုးရ ရှေကနေတွေက ပြောပါတယ်။

ဆာဘီးယား အစိုးရက အခုပစ်ခတ်မှုဟာ နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အကျည်းအတန်ဆုံး ဖြစ်စဉ် တစ်ခုလို့ ပြောကြားခဲ့ပြီး ၃ ရက်ကြာ ဝမ်းနည်းကြေကွဲမှုကာလ သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ ရာဇဝတ်မှု ကင်းလွတ်ခွင့် အသက်အရွယ်ကို ၁၂ နှစ်ထိ လျှော့ချဖို့နဲ့ လက်နက် ကိုင်ဆောင်ခွင့်တွေ ပိုမို တင်းကျပ်ဖို့လည်း လက်တွေ့ကျကျ စဉ်းစားသင့်ပြီလို့ အလက်ဇန္ဒား ဗူဆစ်က ဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ

ခရီးစဉ်အမှတ် JU324 အဖြစ် ပျံသန်းတဲ့ လေယာဉ်ဟာ လေယာဉ်ကွင်းကနေ ပျံတက်သွားပြီးတဲ့နောက် လေထဲမှာ အတော်ကြာကြာ လှည့်ပတ် ပျံဝဲပြီးမှ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ Tesla လေဆိပ်ကို ချောချောမောမော ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။