Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ပြည်သူများ အစုလိုက်၊အပြုံလိုက်သတ်နေမှု နိုင်ငံတကာက လျစ်လျူရှုမနေရေး တွန်းအားပေးရမည်ဟု KNU ပြော

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ပြည်သူလူထုများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကျူးလွန်ခြင်း၊ လေကြောင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း စသည့် ပုံစံမျိုးစုံဖြင့် အရပ်သားများကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။

(ပြီးခဲ့သည့် ရက်ပိုင်းက KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှိုသတ်ဖြတ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ထန်းတပင် PDF)
(ပြီးခဲ့သည့် ရက်ပိုင်းက KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှိုသတ်ဖြတ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ထန်းတပင် PDF)

အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်နေခြင်းအား နိုင်ငံတကာက လျစ်လျူရှုမထားရေး တွန်းအားပေးရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှိုသတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ပဒိုစောကလယ်စေးက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။ မေလ ၁၀ရက်က KNU တပ်၏ တိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် ၅ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ညောင်ပင်သာရွာမှ ကလေးငယ်နှင့် အမျိုးသမီးအများစုပါဝင်သည့် ၁၉ဦးကို မီးရှို့သတ်ဖြတ်ကာ အခြားတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု KNU ထုတ်ပြန်ထားသည်။

“ဒီလိုဖြစ်စဉ်မျိုးက ကျနော်တို့ နယ်မြေထဲမှာ ဖြစ်နေကျလို့ ပြောလို့ရတာပေါ့။ ခဏခဏ ဖြစ်ခဲ့တာတွေလည်းရှိတာပေါ့။ အဲဒါကြောင့် ဒါတွေက လူသားမဆန်စွာနဲ့ ပြုမူတဲ့ လုပ်ရပ်မျိုးလို့ပဲ ကျနော်တို့ သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ဖို့အတွက်ကတော့ တိုက်ရိုက်တော့ ကိုင်တွယ်လို့မရပေမယ့် နိုင်ငံတကာရဲ့ ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

Public Service Announcement
Public Service Announcement

KNUနယ်မြေ၌ ယခင်ကလည်း စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့၍ နိုင်ငံတကာသို့ အစိရင်ခံစာတင်ပြခဲ့သော်လည်း နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ အားမရစရာဖြစ်ခဲ့ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အဲဒါကြောင့်မို့ အခုတကြိမ်မှာလည်း နိုင်ငံတကာကလည်း ဒါကို လျစ်လျူရှုပြီး နေမသွားဖို့တော့ ကျနော်တို့ ဆက်လက်တွန်းအားပေးရမှာ ဖြစ်ပါတယ်”ဟု ပဒိုစောကလယ်စေးက ပြောသည်။

ညောင်ပင်သာရွာတွင် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်သည် ရေအိုးစင်ရွာသား လေးဦးနှင့် အမျိုးသမီး သုံးဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည်ဟု KNU၏ ယမန်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လောလောဆယ် အဖမ်းခံနေရတဲ့ အမျိုးသမီး သုံးဦး အပါအဝင် ၇ဦးက သူတို့က လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် ရှေ့ဆက်ဘယ်လိုဖြစ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရင်းနဲ့ အခြေအနေတွေကို တင်ပြသွားမှာဖြစ်ပါတယ်”ဟု ပဒိုစောကလယ်စေးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ပြည်သူလူထုများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကျူးလွန်ခြင်း၊ လေကြောင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း စသည့် ပုံစံမျိုးစုံဖြင့် အရပ်သားများကို ပစ်မှတ်ထားသည့် ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။