Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်သာရွာ စစ်ကောင်စီတပ် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ဦး၏ အမည်စာရင်း KNU ထုတ်ပြန်

KNU အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်စောင့်ရှောက်မည်ဟု ကြေညာခဲ့သည်။

ညောင်ပင်သာရွာ စစ်ကောင်စီတပ် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ဦး၏ အမည်စာရင်း KNU ထုတ်ပြန်
ညောင်ပင်သာရွာ စစ်ကောင်စီတပ် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ဦး၏ အမည်စာရင်း KNU ထုတ်ပြန်

▪️အိမ်ထောင်စု ၉ခုမှ ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများပါဝင်▪️ရွာသား ၁၉ဦးကိုမီးရှို့သတ်ဖြတ်ခဲ့ပြီးတစ်ဦးအား စအိုတွင် တုတ်ထိုးသွင်းနှိပ်စက်သတ်ဖြတ်ဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ညောင်ပင်သာရွာခံ ၂၀ဦးကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ သတ်ဖြတ်ခံရသည့် ပြည်သူလူထုများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်လိုက်သည်။

ညောင်ပင်သာရွာအနီး မေလ ၁၀ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် KNU လက်အောက်ခံ တပ်၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ်တစ်ဦးနှင့် အကြပ်တစ်ဦး အပါအဝင် ၅ဦး သေဆုံးခဲ့ရာ စစ်ကောင်စီတပ်သည် ညောင်ပင်သာရွာသားများကို ဓားစားခံအဖြစ် ဖမ်းပြီးကြိုးနှင့်ချီကာ ကလေး လေးဦး၊ အမျိုးသမီး ၁၁ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၉ဦးကို မီးရှုတ်သတ်ဖြတ်ခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် အခြား ရွာသားတစ်ဦးကိုလည်း ရွာ၏ သင်္ချိုင်းတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ အသက် (၃၇)နှစ်အရွယ်ရှိ ကိုဟန်းစိုး ဆိုသူကို စစ်ကောင်စီက စအိုတွင် တုတ်ထိုးသွင်း နှိပ်စက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ရွာသား ၂၀ဦးသည် မိသားစု ၉ခုမှ ဖြစ်ပြီး အသက် (၈၀)အရွယ် အဘိုးတစ်ဦး၊ အသက် (၇၅)နှစ်အရွယ် အဘွားတစ်ဦး၊ အသက် (၇၀) အရွယ် အဘိုးတစ်ဦး အပါအဝင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အမျိုးသမီးများ ပါဝင်ကြောင်း KNU၏ အမည်စာရင်းတွင် ဖော်ပြသည်။ သတ်ဖြတ်ခံရသည့် ကလေးငယ်များထဲတွင် အသက် (၅)နှစ်အရွယ်၊ အသက် (၆)နှစ်နှင့် (၇) နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ရေအိုးစည်ရွာသား လေးဦးနှင့် ရွာသို့ အလည်လာသည့် အခြားရွာမှ ရွာသူ သုံးဦး စုစုပေါင်း ခုနစ်ဦးတို့ကို လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးသွားသည်ဟုဆိုသည်။

သတ်ဖြတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း KNUထုတ်ပြန်ခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းခံရသည့် ပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့အတွက် KNUက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး တရားမျှတမှု ရရှိရေးဆက်လက် ဆောင်ရွက်မည်ဟု ဖော်ပြသည်။ စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် အာဏာသိမ်းစစ်ကောင်စီက တာဝန်ခံရမည်ဟု အသိပေးသည်။

ညောင်ပင်သာရွာလာရောက်သည့် စစ်ကောင်စီတပ်၏ စစ်ဆင်ရေး စီမံချက်ကို စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်စိုးမင်းက ကွပ်ကဲပြီး ကျောက်ကြီး ဗျူဟာမှူး ဗိုလ်မှူးကြီးနေထက်အောင်က အနီးကပ်တိုက်ရိုက်ကွပ်ကဲကြောင်း KNUက ထုတ်ပြန်သည်။ စစ်ဆင်ရေး၌ ပါဝင်သည့်တပ်များမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင်ရှိသည့် ခလရ(၇၃)၊ ခမရ (၅၅၉)၊ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခလရ(၈၄) နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ(၁၅)တို့ဖြစ်သည်ဟု အသိပေးသည်။

အဆိုပါဒေသ၌ စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထား၍ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်လာနိုင်၍ အထူးသတိထား စောင့်ကြည်နေမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

ပြည်သူများကို အကြောင်းမဲ့ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မီးရှို့ခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီကို ကမ္ဘာ့ကုလသမဂ္ဂမှ သော်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ သော်လည်းကောင်း၊ နိုင်ငံတကာ တရားရေး ယန္တရားများမှ သော်လည်းကောင်း ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံနှင့် ၎င်းအဖွဲ့ဝင်နိုင်ငံများမှ သော်လည်းကောင်း ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ သော်လည်းကောင်း ပို၍ ထိရောက်လက်တွေ့ကျသော နည်းလမ်းများဖြင့် တိုးချုဲ့ပိတ်ဆို့အရေးယူ ဆောင်ရွက်ရန် KNUက တောင်းဆိုခဲ့သည်။

KNU အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်စောင့်ရှောက်မည်ဟု ကြေညာခဲ့သည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း၌ ပြည်သူလူထုများကို သတ်ဖြတ်မှုများကျူးလွန်လျက်ရှိရာ ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အမှု (၇၀)ထက်မနည်းရှိခဲ့ပြီး ပြည်သူလူထု အများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။