Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၌ ထိခိုက်ပျက်စီးမှုများ

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ ခင်ဦး အစရှိသည့်နယ်များတွင်လည်း မုန်တိုင်းကြောင့် လမ်းတံတားနှင့် နေအိမ်ပျက်စီးမှုများရှိပြီး သီးနှံစိုက်ခင်းများစွာ ရေမြုပ်ပျက်စီးခဲ့သည်။

(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Entertainment၊ KDK)
(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Entertainment၊ KDK)

▪️ခင်ဦးနယ်ရှိ ကိုယ်ထူကိုယ်ထဆောက်ထားသော စစ်ရှောင်တံတားနှစ်စင်းလည်း ပျက်စီး

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ပုလဲမြို့နယ်တွင် ရေလွှတ်မြောင်းတစ်ခုကျိုးကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ စစ်ကိုင်း၊ ခင်ဦး၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်ရှိ သီးနှံစိုက်ခင်းများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

မေလ ၁၄ ရက် ညက ပုလဲမြို့နယ်၊ မြောက်ယမား ရေလှောင်တမံမှ ထုတ်လွှတ်ပေးသော ပမုံသွင်ရွာနှင့် ချင်ပြစ်ရွာကြားရှိ ရေလွှတ်မြောင်း ကျိုးကျခဲ့ကြောင်း၊ အဆိုပါ ရေမြောင်းကျိုးကျမှုကြောင့် ပုလဲနယ်နှင့် ယင်းမာပင်နယ် အစပ်ရှိ မြောက်ယမားချောင်းရေလျှံလာကာ ချောင်းဘေးရှိ စိုက်ခင်းများပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Entertainment၊ KDK)
(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Entertainment၊ KDK)

အလားတူ နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးရေလျှံခဲ့ပြီး နေအိမ်များ ပြိုလဲခြင်း၊ကောက်ပဲသီးနှံများ၊ စားနပ်ရိက္ခာများ ရေထဲမျောပါခြင်း၊ ‌ရွာချင်းဆက်လမ်းတံတားများ ပျက်စီးခြင်းနှင့် စိုက်ခင်းများ ရေမြုပ်၍ ဧက‌ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“၁၄ ရက်နေ့က ရွာတဲ့မိုးကြောင့် အိမ်တွေထဲထိရေတွေရောက်နေပါတယ်။ ကောက်ပဲသီးနှံတွေလဲအများကြီးပျက်စီးဆုံးရှုံးတယ်။”ဟု ပုလဲနယ် စေတီယျုံကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်တွင်လည်း မေလ ၁၄ ရက် က မုန်တိုင်းကြောင့် ချောင်းရေလျှံခြင်း၊ လေတိုက်ခြင်းများကြောင့် နေအိမ် ၂၀၀ခန့် ပျက်စီးခဲ့ပြီး တိရိစ္ဆာန်များ ရေထဲမျောပါခြင်း၊ ဘုရားတံတိုင်းများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Entertainment၊ KDK)
(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Entertainment၊ KDK)

ထို့အပြင် စစ်ကိုင်းနှင့် ခင်ဦးမြို့နယ်တို့ရှိ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော မြစ်ကူးစစ်ရှောင်တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလျှင် ရှောင်တိမ်းရလွယ်ကူစေရန် မူးမြစ်ပေါ်တွင် ဒေသခံများ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော စစ်ကိုင်းမြို့နယ်ရှိ မူးမြစ်ကူးတံတားနှင့် ခင်ဦးနယ်နှင့်ရေဦးနယ်ဆက်သွယ်ထားသော တံတားတို့မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံ​မှုဖြစ်ပွားပြီး ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တံတားက သုံးပုံနှစ်ပုံလောက်ပျက်စီးသွားတယ်။ သွားမရတော့ဘူး။”ဟု ခင်ဦးဒေသခံတစ်ဦးက ပြောသည်။

(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Entertainment၊ KDK)
(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသောပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Entertainment၊ KDK)

စစ်ကိုင်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် တံတားတစ်စင်း၊ ဘုန်းကြီးကျောင်းအဆောင် နှစ်လုံး၊နေအိမ် ၅လုံးနှင့် စစ်ဘေးရှောင် တဲများပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်တွင်လည်း မုန်တိုင်းမိုးကြောင့် ကျေးရွာပေါင်း ၅၀ခန့်မှ ပဲတီစိမ်း၊ ငရုတ်၊ နှမ်း၊ မတ်ပဲ၊ စပါးစသည့် စိုက်ခင်းဧကပေါင်း တစ်သောင်းကျော် ရေမြုပ်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူ ချောင်းဦးမြို့နယ်တွင်လည်း မုန်တိုင်မိုးကြောင့် သိုး၊ဆိတ်၊ နွားများ အအေးမိသေဆုံးပြီး မိုးများ၍ ဖရဲ၊ သခွား၊ နှမ်း၊ မတ်ပဲ၊ ပဲတီစိမ်း စသည့် သီးနှံစိုက်ခင်းများ ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ ခင်ဦး အစရှိသည့်နယ်များတွင်လည်း မုန်တိုင်းကြောင့် လမ်းတံတားနှင့် နေအိမ်ပျက်စီးမှုများရှိပြီး သီးနှံစိုက်ခင်းများစွာ ရေမြုပ်ပျက်စီးခဲ့သည်။

အလားတူ မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ဆားလင်းကြီး၊ အရာတော်၊ ခင်ဦးမြို့နယ်များတွင်လည်း သီးနှံစိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။