Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအခါ တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများဘက်မှ ဆုတ်ခွာသွားပြီဖြစ်ပြီး အခြေအနေ တည်ငြိမ်နေကြောင်းသတင်းရရှိသည်။

(KIA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် မိုးမိတ်ခရိုင် KPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)
(KIA နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် မိုးမိတ်ခရိုင် KPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်းစီတပ်တို့ မေလ ၁၃ရက်မှစ၍ သုံးရက်ဆက်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် ပျားအုံကျေးရွာနှင် ခွန်စံဇွပ်ကျေးရွာအ‌နီးတွင် မေလ ၁၃ရက်မှစတင်ကာ ၁၅ ရက်အထိ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်းတိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်က နမ့်ယမ်းဂိတ်ကို စစ်ကူပို့တာကို ကျွန်တော်တို့ဘက်က ဖြတ်တိုက်တာ။ သူတို့ဘက်က ကျတာအရာရှိပါတယ်။ လေးယောက် ကျတယ်”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် မေလ ၁၃ရက် နံနက် ၇ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မေလ ၁၄ရက် က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါရဲဘော်သည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု ထောက်ပို့ရဲဘော်က ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဆိုင်းဖရာရွာ၊ပျားအုံရွာနှင့်ကပ်မှော်ရွာတို့မှ ဒေသခံ ၂၀၀ခန့် သုံးရက်ကြာ စစ်ဘေးရှောင်ခဲ့ကြရသည်။

“တိုက်ပွဲက ပြင်းထန်တယ်။ ကျွန်တော်တို့ သုံးရက်တိမ်းရှောင်ခဲ့ရတယ်။ အခုတော့ ရှောင်နေရသူအားလုံး ရွာထဲ ပြန်ရောက်နေပါပြီ”ဟု ဆိုင်းဖရာရွာမှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအခါ တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများဘက်မှ ဆုတ်ခွာသွားပြီဖြစ်ပြီး အခြေအနေ တည်ငြိမ်နေကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။