Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ ဥရုချောင်းဘေးတိုက်ပွဲ စစ်ကောင်စီ‌တပ်သေဆုံးမှုများဟုဆို

တိုက်ပွဲသည် နေ့လယ် ၁၂နာရီ ၁၀မိနစ်တွင် စတင်ခဲ့ပြီး ‌နာရီဝက်ခန့်ကြာခဲ့သည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီဘက်က အထိအခိုက်စာရင်းကို လူထုနွေဦးအနေဖြင့် လတ်တလောမသိရ သေးပေ။

(ဖားကန့်မြို့ ဥရုချောင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖားကန့်မြို့ ဥရုချောင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့က ယနေ့(မေ ၂ရက်)နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ‌ဘက်မှ သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီစစ်ကြောင်းက သပြေခြံဘက်ကနေကျောက်စိမ်းတောင် ဥရုချောင်းပတ်လမ်းတိုင်းကုန်းကြောင်း လမ်းလျှောက်လာတာ။ပူးပေါင်းတပ်ဖွဲ့နဲ့ တွေ့ပြီး အပြန်အလှန်ပစ်ကြတာ”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် နေ့လယ် ၁၂နာရီ ၁၀မိနစ်တွင် စတင်ခဲ့ပြီး ‌နာရီဝက်ခန့်ကြာခဲ့သည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီဘက်က အထိအခိုက်စာရင်းကို လူထုနွေဦးအနေဖြင့် လတ်တလောမသိရ သေးပေ။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်မှစတင်ကာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မင်းမင်းကျော်ရေဆေးဆီလိုက်လမ်းဆုံကို ပိတ်ဆို့ထားပြီး လမ်းသွား၊လမ်းလာ အရပ်သားများကို ဖမ်းဆီးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုက်ကယ်စီးလာသူရော၊ ကားတွေနဲ့လာသူတွေကိုရော ဖမ်းပြီး မင်းမင်းကျော်ရေးဆေးဆီလိုက်ထဲကိုခေါ်ထားတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။