Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းနှင့်စစ်​ကောင်စီကြောင့်စစ်ကိုင်း၊မ​ကွေးတိုင်းတွင် ကုန်ဈေးနှုန်းများတက်​နေ

မြန်မာနိုင်ငံတွင်လူကြိုက်များပြီး ဈေးနှုန်းအမြင့်ဆုံးဖြစ်သည့် ရွှေဘိုပေါ်ဆန်း​​မွှေးစပါး စိုက်ပျိုးရာ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး ၊တန့်ဆည်ဘက်တွင် အဆိုးဝါးဆုံးဖြစ်သည်ဟုဒေသခံများက​ပြောသည်။

(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန်တွင်စစ်ကိုင်းနှင့်မကွေးတိုင်း၌ ဆန်ဈေးအပါအဝင် ကုန်ဈေးနှုန်းမြင့်တက်​လာကြောင်း ဒေသခံများက​ပြောသည်။

မုန်တိုင်းကြောင့် ရေကြီးခြင်းနင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေသဖြင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

“ဆန် (ဆန်ချော) က မုန်တိုင်းမကျခင်က တအိတ်ကို ရှစ်သောင်းလောက်ရှိတာ အခု ၉၅၀၀၀ လောက်ဖြစ်သွားပြီ ၊ဒါတောင်လိုအပ်သလောက်ဝယ်လို့ မရဘူး”ဟု ပခုက္ကူခရိုင်အတွင်းရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ကျေးရွာများတွင် ဆန်ကို လိုသလောက်ဝယ်ယူခွင့်မရဘဲ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများ ကန့်သတ်ထားသည်ဟုအထက်ပါဆန်ဆိုင်ပိုင်ရှင်က​ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

လက်ရှိတွင်ရွှေဘိုပေါ်ဆန်းမွှေးတစ်အိန်ကို ကျပ် ၁၂၀,၀၀၀၊ ဆန်ချော တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀နှင့် ဆန်ကြမ်းတအိတ်လျှင် ကျပ် ၇,၀၀၀၀ အထိ မြင့်တက်နေသည်ဟု ဆန်ကုန်သည်များထံမှ သိရသည်။

စားအုန်းဆီဈေးမှာလည်း တစ်ပိဿာကို ကျပ် ၇၀၀၀ ခန့်ပေါက်ဈေးရှိသည်ဟု ဆီကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတွင်မူ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈၀၀၀ ခန့်ပေါက်ဈေးရှိနေသည်။

မကွေးတိုင်း၊ယောဒေသ (ဂန့်ဂေါ၊ထီးလင်း၊ကျောက်ထု၊ဆော)တွင် ဆန်ရှားပါးနေသဖြင့်ဆန်တစ်တင်းလျှင် ကျပ် ၄၅၀၀၀ အထိ​ဈေးတက်လာကာ အလွယ်တကူဝယ်ယူ၍လည်း မရကြောင်းလည်း ဒေသခံများက​ပြောသည်။

ယောဒေသတွင်ယခင်က ဆန်တစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာရှိသည်ဟုလည်း ဒေသခံများကပြောသည်။

(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်း​ကြောင့်မိုးသည်ထန်စွာရွာသွန်းပြီး ရေကြီး​ရေလျှံခဲ့​​သော ကျေးရွာများအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

“အခုချိန်မှာတောင်သူတွေလည်းစစ်ကောင်စီကြောင့်တောင်ယာမလုပ်နိုင်၊ စပါးမစိုက်နဲ့ဘူး။ စစ်ကြောင်းထိုးလို့ထွက်ပြေးနေရတယ်။ အိမ်တွေလည်း မီးရှို့ခံရပြီး စိုက်ပျိုးရေး အသုံးအဆောင်တွေလည်း မီးရှို့ခံတဲ့ ပါတော့ မစိုက်နိုင်ကြဘူး”ဟု ထီးလင်းဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်​ကြောင်းထိုးဖျက်ဆီးမှုများကြောင့် စိုက်ပျိုးမြေများတွင် ကောက်ပဲသီးနှံများမစိုက်ပျိုးနိုင်သည့် အပြင် မုန်တိုင်းကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသည်ဟုလည်းဒေသခံများကပြောသည်။

မြန်မာနိုင်ငံတွင်လူကြိုက်များပြီး ဈေးနှုန်းအမြင့်ဆုံးဖြစ်သည့် ရွှေဘိုပေါ်ဆန်း​​မွှေးစပါး စိုက်ပျိုးရာ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး ၊တန့်ဆည်ဘက်တွင် အဆိုးဝါးဆုံးဖြစ်သည်ဟုဒေသခံများက​ပြောသည်။

လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေမှုကြောင့် အခြားအခြေခံစားသောက်ကုန်များလည်းဝယ်ယူ၍မရကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook