Connect with us

Hi, what are you looking for?

News

အိန္ဒိယနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးတွေ့ဆုံဆွေးနွေး

“အခြားအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနဲ့ မြန်မာ့အခြေအနေအပေါ် ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ပါတယ်။ အာဆီယံ ရဲ့ ဦးဆောင်မှုအပေါ် ကျွန်ုပ်တို့ရဲ့ထောက်ခံမှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး သူ့ရဲ့တွစ်တာမှာ ရေးသားပါတယ်။

မြန်မာ့အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးကိုဆွေးနွေးခဲ့တယ်လို့ The Times of India က ဒီနေ့ဖော်ပြပါတယ်။

အိန္ဒိယနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ (၇၆) ကြိမ်မြောက် ကုလသဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ အမေရိကန်၊ နယူးယောက်မြို့ကို ရောက်ရှိနေစဉ်မှာ မြန်မာ့အရေးကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဆွေးနွေးမှုအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

“အခြားအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနဲ့ မြန်မာ့အခြေအနေအပေါ် ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ပါတယ်။ အာဆီယံ ရဲ့ ဦးဆောင်မှုအပေါ် ကျွန်ုပ်တို့ရဲ့ထောက်ခံမှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး သူ့ရဲ့တွစ်တာမှာ ရေးသားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုအပြီးမှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနဲ့ ထိုင်းဘက်ကို မြန်မာပြည်သူထောင်ပေါင်းများစွာ တိမ်း ရှောင်ထွက်ပြေးနေကြရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။